top of page

Financial Performance

Updated: Jan 13, 2020

လုပ်ငန်းတစ်ခုရဲ့ Financial Performance ကို တိုင်းတာရန် သုံးလေ့ရှိသော KPI တစ်ချို့

========================================================



ငါသားလေး ငါ့သမီးလေး တော်တယ် (သို့) မတော်ဘူး စသည်ဖြင့် အကဲဖြတ်ကြည့်ချင်ရင် အတန်းထဲမှာ ရှိတဲ့ ကျန်တဲ့ အတန်းဖော် ခလေးတွေနဲ့ နိုင်းယှဉ်ကြည့်မှ သိနိုင်မှာပါ….


အလားတူပဲ မိမိ Company ရဲ့ Operation နဲ့ ပတ်သက်လို့ Performance ကောင်းမကောင်းတိုင်းတာ ချင်ရင် မိမိလည်ပတ်နေတဲ့ Sector ထဲမှာ ရှိတဲ့ တခြားသော Company တွေရဲ့ Performance နဲ့ နိုင်းယှဉ်ကြည့်မှ မှန်မှန်ကန်ကန် သုံသပ်နိုင်မှာပါ…


ဒါဆိုဘာတွေနဲ့ တိုင်းတာကြရမလဲ… လုပ်ငန်း သဘာ၀ အပေါ်မူတည်ပြီး တိုင်းတာတဲ့ Operating Metric များစွာရှိရာ အခု Article မှာတော့ ပထမဆုံး အသုံများတဲ့ Metric (၃) ခုဖြစ်တဲ့ EBITDA, EBITDAR နှင့် EBITDAX တို့အကြောင်းကို မျှဝေသွားဖို့ ပဲဖြစ်ပါတယ်…


1. EBITDA (Earnings Before Interest, Tax, Depreciation and Amortization) ဆိုတာကတော့ လုပ်ငန်း Growth ဖြစ်ဖို့ ရင်းနှီးမြုတ်နှံမှု့ (Capex လို့ခေါ်တဲ့ Capital Expenditure,) ရဲ့ သတ်ရောက်မှုကြောင်း ဖြစ်ပေါ်လာတဲ့ ပစ္စည်းများ တန်ဖိုး လျှော့ကျမှုစရိတ် (Depreciation) ရယ်၊ အစိုးရကိုပေးရလေ့ ရှိတဲ့ အမြတ်အခွန်ရယ်၊ ချေးငွေအတွက် ပေးရတဲ့ အတိုးရယ် ကို ထည့်သွင်း မတွက်ချက်မှီ လုပ်ငန်း တစ်ခုရဲ့ အဓိက ကျပြီး ပုံမှန်နဲ့ မှန်မှန် လည်ပတ်နေတဲ့ Operation က ဝင်လေ့ရှိတဲ့ ငွေသား စီးဆင်းမှ Cash Flow နဲ့ ဆင်တူတဲ့ အမြတ်ပဲဖြစ်တယ်။ ("Proxy for core, recurring business cash flow from operations, before the impact of capital structure and taxes") လို့ဆိုထားပါတယ်။


ဘာလို့ သူ့ကို ဘဲ အထိကထား တိုင်းတာရသလဲ ဆိုရင် အစိုးရကိုပေးရလေ့ ရှိတဲ့အခွန်ဟာ Company Management ရဲ့ Performance နဲ့ မဆိုင်ပါဘူး။ လုပ်ငန်းတစ်ခု လည်ပတ်လို့ အမြတ်ရရင် ဘယ်နိုင်ငံမှာဘဲ အလုပ် လုပ်လုပ် အခွန်ဆိုတာ ပေးရမှာပါပဲ။ ဒါကြောင့် သူကို ထည့်မတွက်တာ ဖြစ်တယ်။ ဥပမာ USA မှာလုပ်လည်းပေးရမှာပဲ၊ Singapore မှာလုပ်လည်းပေးရမှာပဲ၊ Myanmar မှာလုပ်လည်းပေးရမှာပဲ။ အတိုးဆိုတာလည်း ငွေချေးပြီး အလုပ်လုပ်ရင် အတိုးဆိုတာ ပေးရမှာပဲ။ အတိုးနဲ့ ချေးငွေ ယူကတည်းက အတိုးပေးရတာထက် ပိုမြတ်နိုင်တယ်လို့မျော်လင့်ပြီး ငွေချေးပြီး အလုပ်လုပ်တာကို၊ ဒါကြောင်း Strategic Level မှာ လုပ်ရတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက် (Financial Decision) တွေအတွက် သူ့ကို ထည့်မတွက် ကြပါဘူး…


ဥပမာ - (Telenor တို့ Oredoo တို့ မြန်မာနိုင်ငံမှာ Operation စပြီး ဘယ်နှစ်လ ဘယ်နှစ်နှစ်အကြာမှာ EBITDA Positive ဖြစ်ပြီ စသည်ဖြင့် မီဒီယာတွေမှာ အင်တာဗျူး လုပ်ကြချိန်တွေ၊ သူတို့ရဲ့ Internet Website တွေမှာ ဂုဏ်ယူစွာနဲ့ကြော်ငြာကြတာကို သတိထားမိကြမှာပါ.…


2. EBITDAR (Earnings Before Interest, Tax, Depreciation, Amortization and Rent) အလားတူဘဲ လုပ်ငန်းလည်ပတ်ဖို့အတွက် ငှါးရမ်းခများပြားတဲ့ Supermarket လိုလုပ်ငန်မျိုးတွေ၊ Retail Business တွေ၊ Air Line business တွေစသည်တို့မှာ လုပ်ငန်းလည်ပတ်ဖို့အတွက် ကျယ်ဝန်းသော နေရာတွေ ငှါးရတယ်၊ လေယာဉ်တွေ ငှားရတယ်၊ ငှါးရမ်းခ (Rent) ကို ထည့်မတွက် ကြပဲ ၎င်း လုပ်ငန်မျိုးတွေအတွက် တိုင်းတာတဲ့အခါ EBITDAR ကို လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာဖို့ သုံးကြတယ်…အကြောင်းမှာ တစ်ချို့က (Rent) ကို အသုံးစရိတ် အနေနဲ့ဖော်ပြကြပြီး တစ်ချို့က အသုံးစရိတ် အနေနဲ့မဖော်ပြကြပဲ ရေရှည် ရင်းနှီးငွေ အဖြစ်စာရင်းသွင်းကြရာ လုပ်ငန်းချင်းတူသော်လည်း လုပ်ငန်းရဲ့ Performance ကိုတိုင်းတာတဲ့အခါ စာရင်းသွင်းပုံချင်းမတူရင် အမြတ်ချင်းမတူနိုင်လို့ Performance ကို တိုင်းပြီးနှိင်းယှဉ်ကြည့်ကြရတဲ့အခါ ပန်းသီးကို ပန်းသီးနဲ့ နှိင်းယှဉ်ရတယ် (Apple to Apple Comparison) ဆိုတဲ့ သီအိုရီရှိတော့ ဒီသီအိုရီကိုမလိုက်နာလို့မဖြစ်နိုင်လို့ဘဲ။


“Investment ဘာသာရပ်မှာ Apple to Apple နှိုင်းယှဉ်ရမယ် Apple to Orange နိုင်းယှဉ်လို့မရဘူး ဆိုတဲ့ Threory ကအရမ်းအရေးကြီးပါတယ်”

3. EBITDAX (Earnings Before Interest, Tax, Depreciation, Amortization and Exploration Expenditure) ဆိုတာကတော့ Mining Business, Oil and Gas Business တွေမှာ သုံလေ့ရှိပါတယ် ဒီနေရာမှ X တော့ Exploration Expenditure ကို ကိုယ်စားပြုပါတယ်… Mining Business, Oil and Gas Business တွေမှာလည်း တစ်ချို့က Exploration Expenditure ကို အသုံးစရိတ် အနေနဲ့မဖော်ပြကြပဲ ရေရှည် ရင်းနှီးငွေ အဖြစ်စာရင်းသွင်းကြလို့ အမြတ်ရှင်းမတူမှာ စိုးလို့ သူကိုဖယ်ပြီးမှာ လုပ်ငန်းတွေရဲ့ Performance ကို #EBITDAX ကို အသုံးပြုပြီး တိုင်းတာကြလေ့ရှိပါတယ်။


ဆက်လက်ဖော်််််ပြပါဦီးမည်.........


 


Than Aung - CEO

MaximaxSolution

ဦးသန်းအောင်သည် Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (20) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, Accounting Services, M&A Advisory Services, CFO Services များကို ဝန်ဆောင်မှုပေးနေသော MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage အစရှိသော ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$100 million ကျော်ရှိသော Investment Deal သုံးခုတွင် ပါဝင်ခဲ့ပါတယ်။

ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်များ၊ Working Executives များအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ သူသည် UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

299 views1 comment

Recent Posts

See All
bottom of page