top of page

CFO Role & Responsibilities

Updated: Jan 2


ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ်၏ အခန်းကဏ္ဍ နှင့် တာဝန်ဝတ္တရားများ။



၁။ ဘဏ္ဍာရေးဆိုင်ရာအမှုဆောင်အရာရှိချုပ် (Chief Financial Officer, CFO) သည် စီမံခန့်ခွဲမှုဆိုင်ရာ အမှုဆောင် အရာရှိများအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးတစ်ယောက် အနေနဲ့ ပါဝင်ပြီး၊ လက်အောက်ရှိ ဘဏ္ဍာရေးနှင့် စာရင်းကိုင် အဖွဲ့တို့အပေါ်လည်း တိုက်ရိုက် အုပ်ချုပ်ရသူ ဖြစ်သည်။


၂။ ရှာရခက်ရင် အမြဲထမ်းဝန်ထမ်းအနေဖြင့် ခန့်အပ်ခြင်း (သို့မဟုတ်) အပြင်မှ ဝန်ဆောင်မှုရယူခြင်း (Part-Time CFO Services Outsource) မျိုးကို လိုအပ်သလို စီမံနိုင်ကြပါတယ်။ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ အစရှိတဲ့ အာရှနိုင်ငံများနဲ့ အနောက်နိုင်ငံ တော်တော်များများမှာတော့ (Part-Time CFO Services Outsource) ပုံစံမျိုးကို တွင်တွင်ကျယ်ကျယ် သုံးနေကြပါပြီ။ အကြောင်းကတော့ အမြဲထမ်းဝန်ထမ်းအနေဖြင့် (In-House) မှာ ခန့်အပ်ထားရင် စရိတ်စကတွေ တော်တော်တက်ပြီး၊ ကုမ္ပဏီရဲ့ Management အနေနဲ့ လုပ်ငန်းအကျိုးအမြတ်ရဖို့၊ ရေရှည်မှာ (Growth) ရဖို့၊ ပြိုင်ဘက်တွေထက် သာလွန်ဖို့ အစရှိသည်တို့ကို အလေးထားလာကြပြီး မိမိလုပ်ငန်းရဲ့ အက္ခရာကျတဲ့ အပိုင်း (Core Businesses) တွေကိုပဲ အာရုံစိုက်ဖို့လိုအပ်လာလို့ပါပဲ။


၃။ သူ (ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင် အရာရှိချုပ်) ၏ လုပ်ငန်း တာဝန် ဝတ္တရားများက ဘာတွေဖြစ်မလဲ..?


  • ဘဏ္ဍာရေးနှင့် စာရင်းကိုင်အဖွဲ့တို့ အပေါ် စီမံခန့်ခွဲပေးခြင်း၊ ဦးဆောင် ညွှန်ကြားပေးခြင်း။

  • စီအီးအို (သို့) အုပ်ချုပ်မှုဒါရိုက်တာ နှင့် တကွ စီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့ဝင်များကို လိုအပ်သော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် နည်းဗျူဟာများ ရေးဆွဲပေးရခြင်း။

  • ဘဏ္ဍာရေး အစီရင်ခံစာများကို လေ့လာဆန်းစစ်ပြီး၊ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် ဘတ်ဂျတ်များကို ခန့်မှန်းတွက်ချက်ရာတွင် စီမံခန့်ခွဲပေးရခြင်း။

  • ရေတို၊ ရေရှည် ရင်းနှီးမြှပ်နှံရသော စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ စီမံချက်များအပေါ် အကြံဉာဏ်ပေးရခြင်း။

  • ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်ကြသူများ၊ ပြင်ပမှ ပါတနာများကို ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အကြီးတန်းအရာရှိတို့နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ပေါင်းကူးတံတား အဖြစ် ကြားခံစီမံခန့်ခွဲပေးရခြင်း။

  • ဘဏ္ဍာရေး၊ Operation, Marketing, Production, Manufacturing, HR နှင့် IT အစရှိသော ဌာန အသီးသီးတို့၏ လုပ်ငန်းစဉ်များကြောင့်ဖြစ်ပေါ်လာသော ဘဏ္ဍာရေးဆိုင်ရာ ရလဒ်များကို သုံးသပ်ပေးခြင်း။

  • ကုမ္ပဏီ၏ အခွန်အရပ်ရပ်အတွက် Plan ရေးဆွဲပေးရခြင်း။

  • ငွေသားစီးဆင်းမှု ဆိုင်ရာ စီမံခန့်ခွဲခြင်း (Cash Flow Management) အား စောင့်ကြည့်ပြီး ထိန်းကျောင်းပေးရခြင်း။

စသည်ဖြင့် လုပ်ငန်းခွင်တစ်ခုအတွင်း နယ်မြေများစွာ (Various Area of Business) ၊ လုပ်ငန်းဆောင်တာများစွာ (Various Business Functions) များအတွက် တာဝန်ယူ တာဝန်ခံပေးပြီး အကျိုးပြုကြရပါတယ်။


၄။ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင် အရာရှိချုပ်တစ်ဦးအား လုပ်ငန်းအတွင်း အမြဲထမ်းဝန်ထမ်းအနေဖြင့် ခန့်အခြင်း (သို့မဟုတ်) အပြင်မှ ဝန်ဆောင်မှုရယူခြင်း (Part-Time CFO Services Outsource) မျိုးကို ရယူမယ်ဆိုင်ရင် အောက်မှာ ဖော်ပြထားတဲ့ လုပ်ဆောင်ချက်များကို လုပ်ပေးနိုင်တဲ့ အရည်အချင်းများ ရှိမရှိကို အသေးအချာဆန်းစစ်ကြရမှာ ဖြစ်ပါတယ်။


  • ရ သုံး မှန်းခြေ ဆိုင်ရာ ငွေကြေးစီးဆင်းမှုကိုတွက်ချက်ခြင်း နှင့် စီမံခန့်ခွဲပေးခြင်း (Cash Flow Budgeting and Management)

  • ရင်းနှီးမြှုပ်နှံမှုနှင့် ရန်ပုံငွေ အဆင်သင့်ရှိအောင် ပြင်ဆင်ပေးခြင်း (Investment & Funding Readiness Preparation)

  • ဆုံးရှုံးနိုင်ခြေ လျော့ပါးအောင် လုပ်ငန်းဆိုင်ရာများကို စီမံထိန်းညှိပေးခြင်း (Risk Mitigation & Internal Controls)

  • ရင်းနှီးမြှုပ်နှံပြီးနောက် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကို စီမံခန့်ခွဲပေးခြင်း (Post-investment Financial Management)

  • ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမတည်ငွေကြေး တိုးမြှင့်ရာတွင် ပံ့ပိုးပေးရခြင်း (Fundraising Services)

  • စီမံခန့်ခွဲမှုဆိုင်ရာ ငွေစာရင်းပိုင်းဆိုင်ရာ အခြေခံအချက်များကို တည်ဆောက်ပေးခြင်း (Implementation of Management Accounts)

  • စာရင်းကိုင်လုပ်ငန်းဆိုင်ရာ နည်းစနစ်များအား ချမှတ်ရာတွင် အထောက်အကူ ပေးခြင်း (Accounting System & SOP Support)

  • အောင်မြင် ထိရောက်သော ဗျူဟာများ ရေးဆွဲ ချမှတ်ပေးခြင်း နှင့် ပေါင်းစပ်ညှိနိုင်းဆောင်ရွက်မှု အကျိုး ရလာဒ် ကိုသုံးသပ်ပေးခြင်း (Strategy & Synergies)

  • လုပ်ငန်းအပေါ် လေ့လာသုံးသပ်ခြင်းနှင့် ကုန်ကျမှုစရိတ်များ ဖွဲ့စည်းတည်ဆောက်ပုံတို့အား တွက်ချက် ပုံစံချပေးခြင်း (Business Analysis & Cost Structuring)

  • ဘဏ္ဍာရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များ၊ အော်တိုစနစ်များကို စုစည်းအသုံးပြုနိုင်ရန် အကြံပေးခြင်း (Financial Technology, Automation, and Integration)

  • ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်း (Financial Decision-Making)

  • လုပ်ငန်းတစ်ခုနှင့် တစ်ခုပေါင်းစပ်ခြင်းများ၊ လုပ်ငန်းတန်ဖိုးဖြတ်ခြင်းများအတွက် အကြံပေးခြင်း (M&A Transactions and Valuation Advisory)

  • လုပ်ငန်းအဖွဲ့အစည်းကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာရန် အတွက် အကြံပေးခြင်း (Corporate Development, e.g. JV, Acquisition, Investment Term Sheet)


၅။ Bookkeeper, Controller & CFO Bundle အကုန်လုံးသော တာဝန်တွေအတွက် Full-Service ကို Outsource အပ်ရင် စရိတ်စကတွေ ဘယ်လိုရှိမလဲ…


  • တစ်လကို US$300 လောက်က စတင်ကာ လုပ်ငန်း Scope အပါ်မှာ မူတည်ပြီး US$10,000 လောက်အထိတော့ ရှိတတ်ပါတယ်… တကယ်တော့ ဒီငွေကြေးပမာဏဟာ In-House Team အနေနဲ့ - Bookkeeper တွေ၊ Junior Accountant တွေ၊ Senior Accountant တွေ၊ Controller တွေ၊ CFO စသည်ဖြင့် လိုအပ်တဲ့ရာထူးအကုန်လုံးကိုအချိန်ပြည့်ခန့်ထားရတဲ့ စရိတ်တွေနဲ့ နိုင်းယှဉ်ရင် 40% ကနေ 50% လောက်အထိ သက်သာနိုင်ပြီး ကောင်းမွန်တဲ့ အရည်အသွေးဆိုင်ရာ ဝန်ဆောင်မှုမျိုးကို ရနိုင်ပါတယ်။


၆။ မိမိကုမ္ပဏီအတွက်အမြဲလိုအပ်သလား၊ Project တစ်ခုအတွက် ကာလတစ်ခုအတိုင်းအတာထိပဲ အကူအညီလိုအပ်သလား ဘယ်လိုပဲ လိုအပ်သည်ဖြစ်စေ ကိုယ်တိုင်ခန့်အပ်ခြင်း (သို့မဟုတ်) Outsource ရယူခြင်း တို့ကို စဉ်းစားပြီး လုပ်ရမယ့် Work Scope၊ သုံးစွဲမည့် ငွေပမာဏ၊ လိုအပ်သော အချိန်အတိုင်းအတာ စသည်တို့အပေါ်မူတည်ပြီး ရွေးချယ်ဆုံးဖြတ်နိုင်ကြရန် စေတနာဖြင့် မျှဝေလိုက်ရပါတယ်။


အခုလောက်ဆိုရင်တော့ ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် (CFO) တစ်ဦးရဲ့ အခန်းကဏ္ဍ နှင့် တာဝန်ဝတ္တရားများ (CFO Role & Responsibilities) တွေဟာဘာတွေဆိုတာ တီးမိခေါက်မိဖြစ်သွားပြီထင်ပါတယ်။ အရာအားလုံးအဆင်ပြေကြပါစေ။


MaximaxSolution Corporate Advisory အနေဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား ကုန်ကျစရိတ်သက်သာ (Cost Saving) ပြီး တောက်ပတဲ့အကျိုးကျေးဇူးများ (Brilliant Benefits) ကို ဆောင်ကျည်းပေးနိုင်ဖို့  ကျွမ်းကျင်တဲ့ Team Members များနဲ့  လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) အား စတင်လိုက်ပြီဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များအား www.maximaxsolution.com မှာ လေ့လာနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။


 

U Than Aung - CEO

MaximaxSolution


ဦးသန်းအောင်ဟာ Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (25) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, Accounting Services, M&A Advisory Services, CFO Services, Internal Audit Services, Tax Advisory Services များကို ဝန်ဆောင်မှုပေးနေသော MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage, Hidro Power, Solar Industry အစရှိသော ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$150 million ကျော်ရှိသော Investment Deal လေးခုတွင် ပါဝင်ခဲ့ပါတယ်။


ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်များ၊ Working Executives များအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ သူသည် UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

805 views0 comments

Recent Posts

See All
bottom of page