top of page

Business Valuation

Updated: Jan 13, 2020


ဘာကြောင့်ကုမ္ပဏီတွေဟာမတူညီတဲ့မြှောက်ဖော်ကိန်း (Multiple) တွေနဲ့ အရောင်းအဝယ် ဖြစ်ကြသလဲ (သို့) YKKO တန်ဖိုးနည်းသလား? များသလား?



၁. လုပ်ငန်းတစ်ခုရဲ့အခြေခံကျတဲ့အချက်အလက်များဟာ တခြားသော လုပ်ငန်းတွေရဲ့ အခြေခံကျတဲ့ အချက်များထက်သာလွန်နေခြင်း၊


အဆိုပါ ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းတစ်ခု အနေဖြင့် အရမ်းမြန်ဆန်သော နှုန်းထားဖြင့် Growing ဖြစ်နေခြင်း၊ တနည်းအားဖြင့် Growth ဖြစ်နိုင်ခြေ အများကြီးရှိသော ဈေးကွက်ကြီး တစ်ခုအား ပစ်မှတ်ထားပြီး လုပ်ငန်းလည်ပတ်နေတဲ့ အခြေအနေမှာရှိနေခြင်း၊


လုပ်ငန်းရဲ့ အမြတ်အစွန်း (Margin) ပိုကောင်းမှုနှင့် လုပ်ငန်းလည်း Growing ဖြစ်နေပြီး Margin အနေဖြင့်လည်း တက်နေခြင်းမျိုး၊


မတည်ရင်းနှီးငွေကို စွမ်းဆောင်ရည်ရှိရှိ အသုံးပြုနိုင်ပြီး၊ ငွေလုံးငွေရင်း သုံးစွဲငွေ (Capex) နည်းပါးပြီး လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံထားတဲ့ ပိုင်ရှင်တွေရဲ့ အရင်းအနှီးအပေါ် အကျိုးအမြတ် ပြန်ရမှု (ROE) နဲ့ ပိုင်ရှင်တွေရဲ့ အရင်းအနှီးနှင့် ချေးငွေ အရင်းအနှီး ၂ ခုလုံး အပေါ် အကျိုးအမြတ် ပြန်ရမှု (ROIC) မြှင့်နေခြင်းမျိုး၊

သူ့အနေနဲ့ သူများထက်သာလွန်တဲ့ အမှတ်တံဆိပ်နဲ့ (Superior Branding) ၊ ဈေးကွက်ဝေစုရနေမှု (Market Positioning) ၊ အုပ်ချုပ်သူများရဲ့ ကိုယ်ရည်ကိုယ်သွေး (Quality of Management) ၊ အခြားသူများနဲ့ ပေါင်းစပ်လုပ်ကိုင်ထားမှု (Partnership)၊ သူရဲ့ အသိဉာဏ်ပညာပိုင်ဆိုင်မှုများ (Intellectual Property) စသည်တို့ အားကောင်းနေခြင်း၊ ဒါတွေကိုပေါင်းစပ်လိုက်ရင် Quality ကောင်းတဲ့ လုပ်ငန်းမျိုးလို့ဆိုကြပါတယ်။


Growth_Case - Valuation


ပြင်သစ်မှာရှိတဲ့ Orange S.A. ဆိုရင် သူ့ရဲ့ ပြိုင်ဘက်တစ်ခု ဖြစ်တဲ့ IIiad SA ထက် ကုမ္ပဏီ အရွယ်အစားအရ ၉ဆ ကျော်လောက် ကြီးတယ်။ ဒါပေမယ့် IIiad SA ဆိုရင် ၂၀၁၄-၂၀၁၅ လောက်မှာ Revenue အနေနဲ့ 7% - 9% လောက် Grow ဖြစ်နေတယ်။ EBITDA က 13% - 16% လောက် Grow ရနေတဲ့ အချိန်မှာ Orange SA က Revenue 18% လောက် ကျနေတယ်။ EBITDA က 16% လောက် ကျနေတဲ့အတွက် Valuation မှာ IIiad SA ကို Revenue Multiple 3x နဲ့ EBITDA Multiple 11x နဲ့ အရောင်းအဝယ် ဖြစ်ချိန်မှာ Orange S.A. က Revenue Multiple 1.8x နဲ့ EBITDA Multiple 5x လောက်နဲ့ပဲ အရောင်းအဝယ် ဖြစ်ခဲ့တယ်။


၂. ဒုတိယအခြေအနေကတော့Accounting_Fundamental


• မတူညီတဲ့ Accounting Policies

• မတူညီတဲ့ Capital Structure (Debt : Equity)

• မတူညီတဲ့ Tax Rate


ဒါမျိုးကျတော့ Misleading Multiple လို့ ခေါ်ကြတယ်။


Case အနေနဲ့ဆိုရင်….


ကုမ္ပဏီမှာ အကြွေးရှိရင် အတိုးပေးရမှာ ဖြစ်တဲ့အတွက် အသားတင်အမြတ် (Net Profit) နည်းသွားမယ် ဆိုရင် Net Profit Multiple နဲ့ သွားတွက်ရင် Multiple ကတော့ များမှာပဲ…။

ကုမ္ပဏီရဲ့ Depreciation Expenses နည်းရင် Net Profit များမှာ ဖြစ်တဲ့အတွက် Net Profit Multiple နည်းမှာပါပဲ။ကုမ္ပဏီမှာ အကြွေးမရှိရင် ကုမ္ပဏီရဲ့ Enterprise Value နဲ့ Equity Value အတူတူဖြစ်နေမှာ ဖြစ်တဲ့အတွက် Net Profit Multiple က များနေမှာပါ...။


ဒါကြောင့် ကုမ္ပဏီမှာ မှန်ကန်တဲ့ Accounting Transaction တွေ ရှိနေဖို့ဟာလည်း အရမ်း အရေးပါသလို၊ မှန်ကန်တဲ့ Multiple ရွေးချယ်မှုဟာလည်း Industry အလိုက်အသက်တစ်မျှအရေးကြီးပါတယ်...


၃. တတိယအနေနဲ့ကတော့ရာသီအလိုက်အတက်အကျဖြစ်တတ်တဲ့ (Cyclical Business Nature/Industries) ၊ ဒါမှမဟုတ် အမြတ်ငွေ (Profit) သို့မဟုတ် ငွေသားစီးဆင်းမှု (Cash Flow Fluctuations) အတက်အကျကြမ်းတဲ့ လုပ်ငန်းမျိုး။


ဥပမာအားဖြင့် - Chemicals, Housing, Airlines, Automobiles, Semiconductors

အစရှိတဲ့ လုပ်ငန်းမျိုးတွေဆိုရင် ရာသီအလိုက် ဝင်ငွေ၊ အမြတ်၊ ငွေသားစီးဆင်းမှု အတက်အကျ မြန်ဆန်ပြီး အပြောင်းအလဲ ဖြစ်တာမျိုးဆိုတော့ Valuation လုပ်ပေးတဲ့ Advisory Firm တွေရဲ့ Knowledge ဟာ အရမ်း အရေးကြီးပါတယ်။


Healthcare, Utilities, Consumer Public Service အစရှိတဲ့ လုပ်ငန်းမျိုးတွေကျတော့ ငြိမ်တတ်တဲ့ သဘောရှိပါတယ်။


Cyclical_Case


Cyclical ဖြစ်တယ်ဆိုတာ ရာသီဥတုတစ်ခုတည်းကို ပြောလိုတာမဟုတ်ပါဘူး...

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကျနေချိန်ကိုလည်း ဆိုလိုပါတယ် … ဥပမာ အမေရိကန် စီးပွားရေးကျနေချိန်မှာ General Motor ရဲ့ ကားအရောင်းအဝယ်ကျတယ်၊ Earning Per Share ကျတယ်… ဒါကြောင့် P/E ratio ကိုသုံးရင် အားနည်းချက်ရှိတယ်ဆိုတာမျိုးကို ပြောလိုတာပါ…။


၄. နောက်ထပ်တစ်ချက်ကတော့ကုမ္မဏီတွေကိုဈေးနှုန်းမှားပြီး တွက်ချက်ခြင်းမျိုး (Mispricing) လုပ်လေ့ရှိတာမျိုးပါ…


တောက်လျှောက် ဘာအပြစ်အနာဆာမှ မရှိပဲ သတင်းဆိုး တစ်ကြိမ်တစ်ခါ ထွက်လိုက်ရုံနဲ့လည်း Valuation ကို ထိစေနိုင်တယ်၊ Investor တွေ မကြိုက်တဲ့ မဟာဗျူဟာဆိုင်ရာ အစီစဉ်သစ် တစ်ခုကို ဆွဲမိရင်လည်း ဖြစ်နိုင်ပါတယ်…။

နောက်တစ်မျိုးကတော့ လုပ်ငန်းက ကောင်းတယ်၊ အပြင်လူတွေ Investor တွေ သတိမထားမိတဲ့ ကုမ္ပဏီမျိုးကို သေချာ Valuation အတွက် Research လုပ်ကြည့်မှ သိရတာမျိုး။


ဥပမာ - Singapore Breadtalk Group (F&B) လုပ်ငန်းမှာ သူ့ကို လူသိတာ သိပ်မများဘူး။ ဒါပေမယ့် သူ့ရဲ့ Share Price က 2012 April မှာ S$0.5 ကနေ 2013 April တစ်နှစ်အတွင်းမှာ S$ 1.1 လောက် တက်သွားတယ်။ ဒါပေမယ့် Public ကတော့ သတိမထားမိလိုက်ဘူး။


နောက်တစ်ခုကတော့ အမေရိကန် အခြေစိုက် Green Mountain Coffee ဟာ ဆိုရင် Market မှာ ဖြစ်နိုင်တာထက် သူ့ကို မျှော်လင့်ချက်ထားကြပြီး၊ March 2009 မှာ Tully’s Coffee က တစ်ခါဝယ်တယ်။ December 2009 မှာ Timothy’s တစ်ခါဝယ်တယ်။ June 2010 မှာ Dietrich က တစ်ခါဝယ်တယ်။ December 2010 မှာ Van Houtte က တစ်ခါ ဝယ်တယ်။ March 2011 မှာ SBOX က တစ်ခါ ဝယ်ယူဖို့ သဘောတူတဲ့အခါမှာ March 2009 မှာ ပထမဆုံး Tully’s Coffee က share တစ်စုကို $16 လောက်နဲ့ဝယ်ခဲ့တဲ့ Share Price တစ်စုရဲ့ တန်ဖိုးဟာ ၂ နှစ်အတွင်းမှာ Share တစ်စုကို $60 ဖြစ်သွားတယ်...။


၅. Valuationကိုသက်ရောက်မှုဖြစ်စေနိုင်တဲ့အကြောင်းအရာများကို Summary လုပ်ရင်...


၁. လုပ်ငန်း တစ်ခုရဲ့ အခြေခံကျတဲ့ အချက်အလက်များ (Quality/Business Fundamentals)
၂. စာရင်းဇယား မှတ်တမ်းမှတ်ရာများနှင့် သက်ဆိုင်သော အခြေခံကျတဲ့ အချက်အလက်များ (Accounting Fundamental)
၃. ရာသီအလိုက် အတက်အကျဖြစ်တတ်တဲ့ (Cyclical Business Nature/Industries)
၄. ကုမ္မဏီတွေကို ဈေးနှုန်းမှားပြီး တွက်ချက်ခြင်းမျိုး (Mis-pricing)

၆. YKKOတန်ဖိုးနည်းသလားများသလား


တိုက်ရိုက်ပြောဖို့ အတော်ခတ်ပါတယ်…အကြောင်းကတော့ ဘာ Multiple နဲ့မြောက်ခဲ့သလဲ ကိုယ်လဲမသိရလို့ပါ…လုပ်ငန်းရဲ့ Quality အရကတော့ Facebook မှာ Service Level လိုအပ်ချက်ရှိကြောင်း၊ Management အားနည်းကြောင်း စသည်ဖြင့် များစွာကြားနေရပါတယ်…

Growth ရနေသလားဆိုရင်တော့ အခုနှစ်ပိုင်းအတွင်း ဆိုင်ခွဲတွေ ပိတ်သိမ်းလိုက်တာမျိုးတွေ ရှိနေတာကို တွေ့ရပါတယ် (ဥပမာ ဘားလမ်းက ဆိုင်ခွဲ ကို ပိတ်လိုက်တာမျိုး)…


Margin ကောင်းသလား ဆိုရင်တော့ ဘဏ္ဍာရေးရှင်းတမ်းတွေကို မကြည့်ဖူးလို့ မသိပါဘူးလို့ ပြောရမှာ ဖြစ်ပေမယ့် လုပ်ငန်းရဲ့ Nature အရတော့ Margin ကောင်းလေ့ရှိတဲ့ လုပ်ငန်းမျိုးပါ...

Accounting Fundamental ကတော့ သူ့မှာ record ကောင်းကောင်း မရှိရင် Valuation နဲ့ပတ်သက်ပြီး Downside Risk ရှိတတ်ပါတယ်...


နိုင်ငံရဲ့ စီးပွားရေးကျနေချိန်မို့ သက်ရောက်မှု ရှိသလားဆိုရင်တော့ အနည်းအများ ရှိနိုင်ပေမယ့် (ဥပမာ ရွှေဘဲဆိုရင် ဆိုင်ခွဲ တော်တော်များများမှာ နေရာထိုင်ခုံ မလွတ်အောင် ရောင်းနေရတာကို သတိထားမိကြမှာပါ)…

ကုမ္မဏီတွေကို ဈေးနှုန်းမှားပြီး တွက်ချက်ခြင်းမျိုး (Mispricing) ကြောင်းသက်ရောက်မှု ရှိနိုင်သလားဆိုရင် သူ့ဘက်က သေချာ ပြင်ဆင်ထားမှု၊ Good Advice Taking from Good Advisor ရှိရှိမရှိ၊ Valuation လုပ်ခဲ့တဲ့သူအနေနဲ့ Past, Present, Future (၃) လုံးကို ခြုံငြုံမိခဲ့သလား၊ (မြန်မာ M&A case တွေ တော်တော်များများမှာ တွေ့ရတဲ့) Little Knowledge Very Dangerous အခြေအနေနဲ့ ကြုံခဲ့မကြုံခဲ့ စသည်ဖြင့် မေးခွန်းများစွာ ရှိနေအုံ့မှာပါ…


၇.Investor တွေဘက်ကရောဘာတွေကိုကြည့်ကြသလဲ…


Investor တွေဘက်ကတော့ အခြေတစ်ကျဖြစ်နေပြီး ခိုင်မာတဲ့ အမှတ်တံဆိပ်နဲ့ (Strong Branding) ရှိနေတဲ့ လုပ်ငန်းတစ်ခုဟာ အုပ်ချုပ်သူများရဲ့ ကိုယ်ရည်ကိုယ်သွေး (Quality of Management) ကြောင့် တန့်နေတယ်ဆိုရင် Under Value နဲ့ ဝယ်ယူ ရရှိတတ်ပြီး Management အပြောင်းအလဲ လုပ်ပြီး Grow ရအောင်လုပ်ယူပြီးနောက် အချိန်ကာလတစ်ခုရောက်ရင် Good Value နဲ့ ပြန်ရောင်းစားလို့ ရနိုင်တဲ့ အလားအလာမျိုးကို မျှော်ကိုးကြတာ သဘာ၀ ပါပဲ....


Case တွေ ချပြ စရာများစွာ ရှိပေမယ့် အရမ်းရှည်သွားရင် မဖတ်တက်ကြလို့

ရပ်လိုက်ပါတယ်...ဆက်လက်ဖော်ပြပါဦီးမည်။

 



Than Aung - CEO

MaximaxSolution


ဦးသန်းအောင်သည် Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (20) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, Accounting Services, M&A Advisory Services, CFO Services များကို ဝန်ဆောင်မှုပေးနေသော MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage အစရှိသော ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$100 million ကျော်ရှိသော Investment Deal သုံးခုတွင် ပါဝင်ခဲ့ပါတယ်။

ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်များ၊ Working Executives များအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ သူသည် UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

452 views0 comments

Recent Posts

See All
bottom of page