top of page

Equity Investment

Updated: Feb 15, 2023


Equity Investment အနေဖြင့်ရင်းနှီးမြုပ်နှံမည့်ရင်းနှီးမြုပ်နှံသူများအနေဖြင့် သင်နဲ့အလုပ်တစ်ခုကိုအတူတကွလုပ်ဖြစ်ဖို့ရာ အဘယ်အရာတွေကိုကြည့်ပြီးဆုံးဖြတ်ကြမည်ထင်သလဲ။


(အပိုင်း၂) ရင်းနှီးမြှုပ်နှံသူများမြင်လိုတဲ့သင့်လုပ်ငန်းနဲ့ပတ်သက်တဲ့နောက်ထပ်အကြောင်းအရာတွေကတော့…

၂. #ခိုင်မာသောစီးပွားရေးလုပ်ငန်းအစီအစဉ် (A Rock-Solid Business Plan)

ခိုင်ခိုင်မာမာပြင်ဆင်ထားသောစီးပွားရေးလုပ်ငန်းအစီအစဉ် (Business Plan) တစ်ခုဟာသင့်လုပ်ငန်းနှင့်ပတ်သက်၍အလေးအနက်ထားပြီးငွေရှာရန်အကြံအစည်များကို သင်ထည့်သွင်းထားကြောင်း ရင်းနှီးမြှုပ်နှံသူများအားသရုပ်ပြရမည့်လက်နက်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့စီးပွားရေးလုပ်ငန်းအစီအစဉ် (Business Plan) တစ်ခုတည်းကသင့်အား ရင်းနှီးမြုပ်နှံသူများများ ကျောခိုင်းသွားရန် (သို့မဟုတ်) အရင်းအနှီးထည့်ဝင်လာရန်ဆွဲဆောင်ဖို့ မလုံလောက်ပါက မည်သည့်ရင်းနှီးမြုပ်နှံသူမှစီးပွားရေးလုပ်ငန်းအစီအစဉ် (Business Plan) အားတင်ပြနိုင်ခြင်းမရှိသော သင့်အား မတည်ရင်းနှီးမြုပ်နှံငွေ ပါဝင်လာရန်ကမ်းလှမ်းမည်မဟုတ်ပေ။

အတိတ်ကသင့်လုပ်ငန်းရဲ့ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့အချက်အလက်များဟာ သင်အတိတ်မှာအောင်မြင်ခဲ့ကြောင်းအထောက်အထားအနေနဲ့ပြသမှာဖြစ်သလို၊ဘဏ္ဍာရေးအချက်အလက်များကိုပါထည့်သွင်းရေးဆွဲထားတဲ့စီးပွားရေးလုပ်ငန်းအစီအစဉ် (Business Plan) တစ်ခုဟာအနာဂတ်မှာသင်ဆက်လက်အောင်မြင်နိုင်ကြောင်းကိုကြိုတင်ပြသမည်ဖြစ်ပါတယ်။


ဘဏ္ဍာရေးအချက်အလက်များကိုပါထည့်သွင်းရေးဆွဲထားတဲ့စီးပွားရေးလုပ်ငန်းအစီအစဉ် (Business Plan) တစ်ခုမှာအခြားအရာများစွာပါဝင်သင့်သော်လည်းအောက်ပါအချက်တွေကိုတော့ချန်လှပ်ထားလို့မရနိုင်ပါ။

  • သင်၏ပစ်မှတ်ထားသောစျေးကွက်နှင့်ထိုစျေးကွက်ကိုဘာကြောင်းဦးတည်ရသလဲဆိုတာကိုအချက်အလက်များဖြင့်ရှင်းလင်းပြသမှု။

  • ဒေတာအချက်အလက်များပေါ်အခြေခံထားတဲ့ဘဏ္ဍာရေးဆိုင်ရာကိန်းဂဏန်းများအားခန့်မှန်းတွက်ချက်ထားမှု။ (Financial Projection)

  • ရည်ရွယ်ထားသောအရောင်းချန်နယ်များနှင့်ထိုချန်နယ်များဟာဘာကြောင့်ထိရောက်မှုရှိမည်ကိုဒေတာအချက်အလက်များဖြင့်ကျိုးကြောင်းဆီလျှော်အောင်ရှင်းပြချက်။

  • ကိုယ်သွားလိုတဲ့ပန်းတိုင်များအတွက်စျေးကွက်ရှာဖွေရေးအစီအစဉ်များ (Marketing Plan) နှင့်ထိုအစီအစဉ်များဟာအဘယ်ကြောင့်ထိရောက်မှုရှိမည်ကိုပြသရန်ဒေတာအချက်အလက်မျာနှင့်တင်ပြနိုင်မှု။

  • သင့်ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုအတွက်ပြိုင်ဆိုင်မှုအားလေ့လာထားချက်များ။

  • ဝင်ငွေစတင်ရှာကြံနိုင်မည့်အချိန်အတွက်ခန့်မှန်းထားသောအချိန်ဇယားများ။

  • ဖြစ်နိုင်ချေရှိသောအတားအဆီးများနှင့်၎င်းတို့ကိုကိုင်တွယ်ဖြေရှင်းရန်သင့်ရဲ့အစီအစဉ်များ။


၃. #သူများထက်တစ်မူထူးခြားသောစိတ်ကူးစိတ်သန်း (A Unique Idea)


ရင်းနှီးမြုပ်နှံသူများရော၊ အများပြည်သူများရော “အသစ်နှင့်ဆန်းသစ်တီထွင်မှု” ဟူသောစကားလုံးများအတွက်စိတ်လှုပ်ရှားစွာစောင့်နေတက်ကြပါတယ်။ အဓိကအချက်ကတော့စျေးကွက်မှာ ရာနှင့်ချီသောတူညီတဲ့ထုတ်ကုန်များဖြင့်ပြည့်နှက်နေပါက သင့်ကုမ္ပဏီသည်ကြီးမားသောဖြစ်ထွန်းမှုများကိုလက်လှမ်းမှီဖို့ခက်ခဲမှာမို့ပါ။ သင့်ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ထင်ရှားပေါ်လွင်စေမည့်ကောင်းမွန်သာလွန်တဲ့အားသာချက်များကို ရင်းနှီးမြှုပ်နှံသူများအားပြောပြရမှာပါ။ သင်၏ထူးခြားသောထုတ်ကုန်အတွက်စျေးကွက်အလားအလာရှိပါသလား။ ထူးခြားတဲ့ပြဿနာကိုဖြေရှင်းနိုင်မည့်ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုတစ်ခုကို ဆန်းသစ်တီထွင်မှု (သို့မဟုတ်) တီထွင်ကြံဆမှုတစ်ခုဖြစ်ပါသလား ဆိုတဲ့မေးခွန်းမျိုးတွေကိုရင်းနှီးမြှုပ်နှံသူများကမေးကြမှာမို့ပါ။ သင်အနေနဲ့အသစ်စက်စက်တီထွင်မှုတစ်ခုကိုဖန်တီးရန်မလိုအပ်သော်လည်းသင်၏ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုဟာအဘယ်ကြောင့်တစ်မူထားခြားကြောင်း (သို့မဟုတ်) သင်၏ပြိုင်ဘက်များကစျေးကွက်ထဲမှာကမ်းလှမ်းနေသည်ထက် ပိုမိုကောင်းမွန်ကြောင်းပြသရန်လိုအပ်ပါတယ်။ စီးပွါးရေးဆိုင်ရာအသုံးအနှုန်းအရ သင်၏ထူးခြားတဲ့အရောင်းဆိုင်ရာ ဝိသေသ (Unique Selling Point) ဟုလည်းလူသိများကြတဲ့ သင်ရဲ့“ယှဉ်ပြိုင်မှုအားသာချက်”များကို ရင်းနှီးမြှုပ်နှံသူများကသဘောပေါက်နားလည်လိုတာပါ။ ဒီအရာကတော့စျေးကွက်ထဲမှာသင့်ရဲ့ပြိုင်ဘက်တွေထက်သင့်ကိုအောင်မြင်အောင်လုပ်ပေးလိမ့်မယ်လို့ယုံကြည်ရမယ့်အရာတစ်ခုပါပဲ။ သင့်လုပ်ငန်းအနေနဲ့စားသုံးသူများအတွက်လိုအပ်ချက်ကိုမပြည့်မီသေးတဲ့အရာတစ်ခုကိုဖြည့်ဆည်းပေးတော့မည် — ဥပမာ မုန့်ဆိုင်မရှိတဲ့ဧရိယာတစ်ခုမှာမုန့်ဆိုင်တစ်ခုအသစ်ဖွင့်လိုက်ခြင်းဟာလည်း သင်၏ထူးခြားတဲ့အရောင်းဆိုင်ရာဝိသေသလို့သင့်အနေနဲ့ပြသနိုင်ပါတယ်။


၄. #သင့်ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုအတွက်စျေးကွက်တစ်ခု (Market for Your Product Or Service)


သင့်အလုပ်မှာသင့်ထုတ်ကုန်အတွက်လုံလောက်သောစျေးကွက်တစ်ခုရှိရုံသာမက ထိုစျေးကွက်မှာသင့်ရဲ့အနေအထားဟာသေချာသောအရာဖြစ်ကြောင်းရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နိုင်ရန်မှာ သင့်အလုပ်ဖြစ်ပါတယ်။ သင်တောင်းဆိုထားရန်ရှိတဲ့မတည်ရင်းနှီးမြှုပ်နှံမှုအရင်းအနှီးဟာအဓိပ္ပာယ်ရှိကြောင်းသေချာစေရန်ပြသဖို့လိုအပ်လို့ပါပဲ။ ဥပမာအကယ်၍ သင်ဟာသင့်လုပ်ငန်းမှာ 10% ရှယ်ယာအတွက်ရင်းနှီးမြှုပ်နှံမှုဒေါ်လာ 150,000 တောင်းမည်ဆိုပါက၊ သင်သည်ဒေါ်လာသန်းချီတန်သောကုမ္ပဏီတစ်ခုဖြစ်လာရန် သင့်အတွက်လုံလောက်သောစျေးကွက်အရွယ်အစားရှိကြောင်းပြသရန်လိုအပ်တာမျိုးပါ။ ဒါကိုလုပ်ဖို့ ကြီးမားတဲ့စျေးကွက်အခွင့်အလမ်းနဲ့ဖောက်သည်အခြေခံရှိကြောင်းသက်သေပြနိုင်တဲ့အချက်အလက်များကို ဦးစွာဖော်ပြရမှာပါ။ အဲဒီနောက်မှာတော့သင့်မှာသူများမကြုံစဖူးသောအားသာချက်များ၊ သင့်လုပ်ငန်းပုံစံကသင့်ကိုထူးခြားစေပုံနဲ့စျေးကွက်အတွင်းသင့်ပြိုင်ဘက်များမဖြေရှင်းနိုင်တဲ့ပြဿနာများကိုသင်ဘယ်နည်းဘယ်ပုံဖြေရှင်းနိုင်မည်ကိုအသေးစိတ်ရှင်းပြရမှာပါ။ အကယ်လို့များသင်ဟာလုပ်ငန်းအားကနဦးအဆင့်တည်ထောင်သူဖြစ်ပြီးလုပ်ငန်းသစ်တစ်ခုအနေဖြင့်အတိတ်မှာစွမ်းဆောင်ရည်တိုင်းတာမှုများကိုပြသရန် အချက်အလက်များမရှိသေးချိန် အရင်းအနှီးများအားရှာဖွေနေပြီးအကျိုးတူပြုလုပ်မည့် ရင်းနှီးမြုပ်နှံသူများများအားရှာဖွယ်နေသူဖြစ်ပါက ဤကဲသောသင့်မှာသူများမကြုံစဖူးသောအားသာချက်များကိုအခွင့်အရေးအဖြစ်အသုံးချနိုင်ကြောင်း ပြသနိုင်ဖို့ပို၍ပင်အရေးကြီးပါတယ်။


၅. #လုပ်ငန်းအကြောင်းကိုဖွဲ့ဆိုထားတဲ့ခိုင်မာသောဇာတ်ကြောင်း (A Strong Narrative)


ရင်းနှီးမြှုပ်နှံသူများဟာ အရင်းအနှီးရှာဖွေနေတဲ့သူများစွာရဲ့ ဒေတာအချက်အလက်များဖြင့်ပြည့်ကျပ်နေတဲ့ဆွဲဆောင်မှုအများအပြားကိုအမြဲကြားနေရသူတွေပါ။ ဒီတော့ အလားတူခန့်မှန်းထားတဲ့အမြတ်အစွန်းရှိမယ့်ကုမ္ပဏီနှစ်ခုယှဉ်လာရင် ရင်းနှီးမြှုပ်နှံသူတစ်ဦးကဘာကိုအခြေခံရွေးချယ်မှာလဲဆိုတာကို နားလည်ထားရန်လိုအပ်ပါတယ်။ သင့်လုပ်ငန်းရဲ့လုပ်ငန်းအကြောင်းကိုဖွဲ့ဆိုထားတဲ့ဇာတ်ကြောင်းဟာ သူ့ရဲ့ရွေးချယ်မှုအတွက်ဒီအချိန်မှာအရမ်းအရေးပါလာပါတယ်။ ရင်းနှီးမြုပ်နှံသူများဟာစက်ရုပ်များမဟုတ်ဘဲလူများဖြစ်ကြတာနဲ့အညီဤလုပ်ငန်းဟာသင့်အတွက်အဘယ်ကြောင့်အရေးကြီးကြောင်း၊ အကြံဥာဏ်များဟာမည်သည်ကဆင်းသက်လာကြောင်း၊ သင်ကလက်ရှိစျေးကွက်မှာရှိနေတဲ့အခွင့်အလှမ်းများကိုအမိအရဖမ်းယူရန်စီစဉ်နေပုံအကြောင်းကိုကောင်းမွန်သာလွန်တဲ့ဇာတ်ကြောင်းများဖြင့်တုန်လှုပ်သွားနိုင်အောင်ပြသဖို့လိုပါတယ်။ သင့်လုပ်ငန်းအတွက်ဘာတွေလိုအပ်နေလဲ။ ပတ်ဝန်းကျင်ကြီးကိုဘယ်လိုပြောင်းလဲသွားမလဲ။ ဘာကထူးခြားစေတာလဲ။ သင့်ရဲ့ဇာတ်ကြောင်းကိုဖွင့်ဟလိုက်တာဟာအသံနေအသံထားအားအကောင်းဆုံးသတ်မှတ်ပြီး သင့်ရဲ့အလားအလာရှိတဲ့ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။


----------------------------------------------------------------------------------------------------------



Than Aung - CEO

MaximaxSolution


ဦးသန်းအောင်သည် Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင်နှစ်ပေါင်း (20) ကျော်အတွေ့အကြုံရှိပြီး၊ပြည်တွင်းပြည်ပကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, M&A, Financial Advisory, Tax Advisory, Accounting Services အစရှိတဲ့ဝန်ဆောင်မှုမျာအားပေးနေတဲ့ MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage, Hydropower, Solar, Manufacturing, Trading အစရှိတဲ့ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$200 million ကျော်ရှိတဲ့ Investment Deal လေးခုမှာပါဝင်ခဲ့ပါတယ်။


ပြည်တွင်းပြည်ပကုမ္ပဏီများမှလုပ်ငန်းရှင်များ၊ Working Executives များ၊အောင်မြင်ကျော်ကြားနေသောလုပ်ငန်းရှင်ကြီးများအားဘဏ္ဍာရေးနှင့်သက်ဆိုင်သော Executive Education များပို့ချပေးနေသောမြန်မာနိုင်ငံ၏ငွေကြေးနှင့်အရင်းအနှီးဈေးကွက်ဖွံဖြိုးလာရေးအတွက်ထိန်းကျောင်းလမ်းညွန်မှုပေးနေသည့် “Securities and Exchange Commission of Myanmar, #SECM” မှအရည်အသွေးပိုင်းဆိုင်ရာအသိအမှတ်ပြုလက်မှတ်ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။


88 views0 comments

Recent Posts

See All
bottom of page