top of page

What CEOs wish CFOs Support?

Updated: Jan 2

CEO တွေအနေနဲ့ CFO တွေဆီမှ ဘယ်လိုအထောက်အပံ့မျိုးကို လိုအပ်သလဲ?



CEO နှင့် CFO အကြား ဆက်ဆံရေးဟာ ကုမ္ပဏီတစ်ခုရဲ့ အောင်မြင်မှုအတွက် အထူးအရေးကြီးပါသည်။CEO ဟာ အလုံးစုံဗျူဟာမြောက် ဦးတည်ချက်နှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအပေါ် အာရုံစိုက်နေချိန်မှာ CFO အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးရမယ့်  မျှော်လင့်အခန်းကဏ္ဍမှ အဓိကပါဝင်ရမှာဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရသော် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ အခြေခံလုပ်ဆောင်ချက်များကို စီမံခန့်ခွဲပေးရမှာဖြစ်ပြီး အဆိုပါ လုပ်ငန်းဆောင်တာများဟာ ရေရှည်ရည်မှန်းချက်များကို အကောင်အထည်ပေါ်စေဖို့ အထောက်အကူဖြစ်ရမှာဖြစ်ပါတယ်။


ဒါဆိုရင် CEO တွေအနေနဲ့ CFO တွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ဘာတွေကိုသိရှိနေပြီး ဘယ်လိုအထောက်အပံ့မျိုးကို မျော်လင့်မလဲဆိုတာကို ဆွေးနွေးပေးသွားမှာပါ။ အကြောင်းအရာများစွာ ရှိနိုင်ပေမယ့် အောက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာ (၁၀) ချက်ကတော့ ချန်လှပ်ထားခဲ့လို့မရတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။


၁။ ဒေတာအချက်အလက်အကြမ်းများသက်သက်မဟုတ်ဘဲ အဓိပ္ပာယ်ရှိတဲ့ ထိုးထွင်းသိမြင်မှုများကို ပေးရမှာဖြစ်ပါတယ်။ (Provide me with meaningful insights, not just raw data)


၂။ စျေးကွက်မှာ ဖောက်သည်တွေက မိမိ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုကို လက်ခံအားပေးပြီး၊ အဆိုပါ အခြေအနေကို ထိန်းထားနိုင်ဖို့ လုပ်ငန်းတွင်းမှာ ပုဂ္ဂလိကသီးသန့်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ဖြစ်ပါတယ်။ (Public endorsement, private struggle)


၃။ CEO များအတွက် CFO ဆီမှ ဗျူဟာမြောက် အမြော်အမြင်များကို ရယူနိုင်မှုဟာ စာရင်းဇယားတွေမျှသာ တင်ပြနေတာထက် ပိုပြီးအရေးကြီးပါတယ်။ (Strategic foresight carries greater significance than mere reporting statistics)


၄။ လုပ်ငန်းရဲ့ လုပ်ပုံကိုင်ပုံများအသွင်ကူးပြောင်းရေးအတွက် အင်အားစုဖြစ်စေမယ့် ထိရောက်တဲ့ ဆက်သွယ်ရေး မျိုးလိုပါတယ်။ (Effective communication is a transformative force)


၅။ CFO ဧ။် အကြံပြုချက်ဖြင့် လုပ်ငန်းအတွက် စွန့်စားရနိုင်ခြေအန္တရာယ်များကို CEO အတွက် စဉ်းစားလုပ်ဆောင်တဲ့ အတိုင်းအတာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ (Comprehend his tolerance for risks)


၆။ ကုန်ကျစရိတ်လျှော့ချခြင်းထက် တိုးတက်မှုကို ဦးစားပေးစဉ်းစားနိုင်မယ့် နည်းလမ်းတွေကို လမ်းညွှန်ပေးဖို့ပါ။ (Prioritize growth over cost reduction)


၇။ ကုမ္ပဏီတစ်ခုလုံးရဲ့ ဖြစ်ပေါ်ပြောင်းလဲနေမှုများအား အလုံးစုံနားလည်မှုတည်ဆောက်နိုင်ရန်။ (Developing a holistic company understanding)


၈။ ပျော့ပျောင်းတဲ့စွမ်းဆောင်ရည် နဲ့ အတွေးအခေါ်ဆိုင်ရာ ထက်မြတ်မှုတွေကို လမ်းညွန်မှုပေးနိုင်ဖို့ အသက်တစ်မျှအရေးကြီးပါတယ်။ (Soft and conceptual skills are paramount)


၉။ လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေရှိမှုကို အဓိကစွမ်းရည်အဖြစ် အသုံးချတတ်ဖို့ လိုပါတယ်။ (Adaptability stands out as the paramount ability)


၁၀။ လုပ်ငန်းရဲ့ရေရှည်မှာ တန်ဖိုးမြင့်တက်နိုင်မှုကို ထိုးထွင်းသိမြင်မှုရရှိခြင်းအား အထောက်အပံ့ ပေးဖို့ဖြစ်ပါတယ်။ (Gaining insight into long-term value)

   

အခုလောက်ဆိုရင်တော့ ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် (CFO) တစ်ဦးရဲ့ အခန်းကဏ္ဍ နှင့် တာဝန်ဝတ္တရားများ (CFO Role & Responsibilities) တွေဟာဘာတွေဆိုတာ တီးမိခေါက်မိဖြစ်သွားပြီထင်ပါတယ်။ အရာအားလုံးအဆင်ပြေကြပါစေ။


MaximaxSolution Corporate Advisory အနေဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား ကုန်ကျစရိတ်သက်သာ (Cost Saving) ပြီး တောက်ပတဲ့အကျိုးကျေးဇူးများ (Brilliant Benefits) ကို ဆောင်ကျည်းပေးနိုင်ဖို့  ကျွမ်းကျင်တဲ့ Team Members များနဲ့  လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) အား စတင်လိုက်ပြီဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များအား www.maximaxsolution.com မှာ လေ့လာနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

.............................................................................................................................................................


U Than Aung – CEO

MaximaxSolution


ဦးသန်းအောင်ဟာ Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (25) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, Accounting Services, M&A Advisory Services, CFO Services, Internal Audit Services, Tax Advisory Services များကို ဝန်ဆောင်မှုပေးနေသော MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage, Hidro Power, Solar Industry အစရှိသော ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$150 million ကျော်ရှိသော Investment Deal လေးခုတွင် ပါဝင်ခဲ့ပါတယ်။



ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်များ၊ Working Executives များအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ သူသည် UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

143 views0 comments

Recent Posts

See All
bottom of page