top of page

7 Reasons Why Your Business Should Consider Outsouced CFO Services

Updated: Jan 2


လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) အား အသုံးပြုသင့်တဲ့ အကြောင်းအရင်း (၇) ချက်



ခေတ်ကာလများ ပြောင်းလဲလာနေပြီဖြစ်ရာ ယနေ့ခေတ် ကုမ္ပဏီများ၊ လုပ်ငန်းများ အနေဖြင့်  အချိန်ပြည့်ဝန်ထမ်းကို ငှားရမ်းရန် အခက်အခဲရှိလာပါက နည်းလမ်းတွေပြောင်းပြီး စဉ်းစားနိုင်ပါတယ်။ ကုမ္ပဏီများ၊ လုပ်ငန်းများ အနေဖြင့်  ကြီးမားသောလုပ်ခလစာအဖြစ် တစ်သက်မတ်တည်း ကုန်ကျခံရန်မလိုပဲ မိမိတို့၏ လိုအပ်ချက်အတိုင်း လုပ်ငန်းပြင်ပမှ အတွေ့အကြုံပြည့်၀တဲ့ ဘဏ္ဍာရေးအရာရှိချုပ်များရဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်ပြီး များပြားသော အကျိုးခံစားခွင့်များကို ခံစားနိုင်မည်ဖြစ်ပါတယ်။

 

ဘယ်လို အရည်အချင်းရှိတဲ့ လူမျိုးကိုရွေးခန့်ရမလဲ၊ ပုံမှန်လစာ၊ အပိုဆုကြေးငွေ၊ တစ်ခြားအကျိုးခံစားခွင့် တွေ ဘယ်လောက်ပေးသင့်သလဲ၊ မိမိလုပ်ငန်းခွင်နှင့် အံဝင်ဂွင်ကျဖြစ်ပါ့မလား၊ ကျင့်ဝတ်သိက္ခာ ရှိသူမျိုး နဲ့ လုပ်ငန်းကျွမ်းကျင်ပြီး ရေရှည်အားကိုး အားထားပြုနိုင်ပါ့မလား…. အစရှိတဲ့ စိတ်ပူပင်မူတွေကို ကျော်လွှားနိုင်ဖို့ရန် နဲ့ အသင့်တော်ဆုံး နှင့် စရိတ်စခတွေ သက်သာပြီး စိတ်ချမ်းသာစွာ အလုပ်လုပ်နိုင်ဖို့ လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) အား အသုံးပြုခြင်းဟာ အသင့်တော်ဆုံး ဖြစ်ဖို့ရာ အကြောင်းပြချက်တွေ များစွာရှိတဲ့အထဲမှ အခြေခံအကျဆုံး အချက် (၇) ချက်ကို ဆွေးနွေးကြည့်ရအောင်…

 

၁။ ကုန်ကျစရိတ် သိသိသာသာ သက်သာခြင်း။


ဘဏ္ဍာရေးအရာရှိချုပ် (CFO) တစ်ဦးကို လုပ်ငန်းအတွင်း အချိန်ပြည့်ခန့်အပ်ခြင်းဟာ လစာ၊ အပိုဆုကြေး၊ တခြားခံစားခွင့်၊ သွားလာရေးအတွက် စီစဉ်ပေးရမှု အစရှိသဖြင့် ကြီးမားသောဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ် (Financial Commitment) တစ်ခုအနေနဲ့ သိသာထင်ရှားတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြစ်ပါတယ်။ မကြာသေးမီက လုပ်ငန်းဆက်စပ် လုပ်ကိုင်နေတဲ့ Company တစ်ခုက တစ်လကို လစာတစ်ခုတည်း သိန်း ၉၀ လောက်ပေးပြီး ဘဏ္ဍာရေးအရာရှိချုပ် (CFO) တစ်ဦးကို အလုပ်ခေါ်တာ အဆင်မပြေတဲ့အပြင် (၃) လ ပြည့်တဲ့အခါမှာ ရုတ်တစ်ရက် အလုပ်ထွက်သွားလို့ အတော်လည်း အခက်အခဲဖြစ်သွားခဲ့ပါတယ်။

Outsourced CFO ဝန်ဆောင်မှုများဟာ တရားဝင် ဝန်ထမ်းမဟုတ်တဲ့အတွက် စျေးအလွန်သက်သာပါတယ်။ သင့်လုပ်ငန်းအနေဖြင့် ဝန်ထမ်းအကျိုးခံစားခွင့်များ၊ ကော်မရှင်များ၊ အပိုဆုကြေးများ (သို့မဟုတ်) အမြတ်ခွဲဝေရေးမက်လုံးများကို ပေးဆောင်ရန်မလိုအပ်တော့ပါကြောင်း ကုန်ကျစရိတ်များကို လျှော့ချပြီး သင့်လုပ်ငန်းကြီးထွားလာသည်နှင့်အမျှ သင့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေကို ပြည့်မှီနိုင်မှာ ဖြစ်ပါတယ်။


၂။ မဟာဗျူဟာစီမံကိန်းများချမှတ်ရာ၌ ပူးပေါင်းဆောင်ရွက်ရေး။


စီးပွားရေးလုပ်ငန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့အောင်မြင်လိုသောအရာကို မကြာခဏသိရှိနေသော်လည်း ၎င်းတို့၏ပန်းတိုင်သို့ရောက်ရန် ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်ရန်လိုအပ်တဲ့အဆင့်များ များစွာကို ရှင်းလင်းပြတ်သားစွာ လမ်းညွှန်မှုပေးဖို့ ကျွမ်းကျင်သူတစ်ဦးလိုအပ်ပါတယ်။ ငွေရေးကြေးရေး နှင့် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်မှ ကောက်နှုတ်ခြင်းများအား ဆုံးဖြတ်ချက်များအတွက် အသုံးချဖို့ရန် CFO များမှ များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါတယ်။ CFO များအနေနှင့် အားနည်းချက်များကို ရှာဖွေပြီး  တိုးတက်မှုအတွက် လုပ်ဆောင်ရန် လိုအပ်ချက်များစွာကို အကြံပြုနိုင်တဲ့ အားသာချက်များကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။


အဆိုပါလုပ်ငန်းစဉ်တွင် စွမ်းဆောင်ရည်နှင့် တိုးတက်မှု ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် KPIs များ ချမှတ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ကြိုတင်ခန့်မှန်းခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် သင့်ကုမ္ပဏီကို ဆွဲငင်အားရရှိစေရန် ကူညီပေးမည့် အခြားနည်းဗျူဟာများ ပါဝင်မည်ဖြစ်ပါတယ်။


၃။ လွယ်လင့်တကူ နားလည်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များ ခွဲခြမ်းစိတ်ဖြာပေးရေး။

 

ကုမ္ပဏီကြီးထွားလာတာနှင့်အမျှ ဒေတာအချက်အလက်များဟာ ပို၍အရေးကြီးလာပါတယ်၊ သို့သော်လည်း ဘဏ္ဍာရေးအစီရင်ခံစာများဟာ စာရင်းရေးသွင်းထားတဲ့ မှတ်တမ်းများရဲ့ အကျိုးရလဒ်များကိုသာ အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းအား ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ချက်များ၊ ဗျူဟာများရဲ့ အလုပ်ဖြစ်မဖြစ် နှင့် ပြုပြင်ရန်လိုအပ်ချက်များ၊ သင့်လုပ်ငန်းက အခုဘယ်မှာ ရပ်တည်နေပြီး ဘယ်ကို ဦးတည်နေတယ် ဘာတွေလုပ်သင့်တယ်ဆိုတာမျိုးတွေကို ကျွမ်းကျင်တဲ့ CFO များကသာ ရှင်းပြနိုင်မှာပါ။


အပြန်အလှန်အားဖြင့်၊ လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှုများဟာ သင်လိုအပ်တဲ့  ထိုးထွင်းသိမြင်မှုများကို ပေးဆောင်နိုင်မယ့် အစီရင်ခံစာများအား လိုအပ်သလိုပုံစံချပေးနိုင်ပြီး တိကျသေချာတဲ့ ဆုံးဖြတ်ချက်များချရန်အတွက် သင်အသုံးပြုနိုင်တဲ့ နားလည်နိုင်မည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အချက်အလက်များ၊ငွေရေးကြေးရေးနှင့်ဘဏ္ဍာရေးအရာဆိုင်ရာ အချက်အလက်များအဖြစ်  ဘာသာပြန်ဆိုနိုင်မယ့် စီးပွားရေးဘာသာစကား (Language of Business) အဖြစ်ဖန်တီးပေးနိုင်မည်ဖြစ်ပါတယ်။


၄။ သီးသန့်ဘဏ္ဍာရေးကြီးကြပ်မှုပေးရေး။


လုပ်ငန်းပိုင်ရှင်များဟာ သူတို့ရဲ့လုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ငန်းလည်ပတ်ရေး၊ ထုတ်ကုန်များရောင်းချရေး၊ စျေးကွက်ရရှိရေး၊ ကုန်ကြမ်းများဝယ်ယူရေး၊ ကုန်ချောများထုတ်လုပ်ရေး၊ ဝန်ထမ်းကောင်းများရှိနေရေး၊ ရင်းနှီးမြှုပ်နှံမှုမှ အမြတ်အစွန်းရရှိရေး အစရှိတဲ့ အရေးများစွာကို နေ့တစ်ဓူ၀ စဉ်းစားလုပ်ကိုင်ကြရာမှာ  ဘဏ္ဍာရေးနဲ့ငွေရေးကြေးရေးဆိုင်ရာမှာ အချိန်ပေးတာအလွန်းနည်းပါးနေတတ်ကြပါတယ်။ လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) ဟာ သင့်လုပ်ငန်းကို ကြီးထွားလာစေဖို့ အာရုံစိုက်နိုင်စေရန် ကြီးမားတဲ့ ဘဏ္ဍာရေးရုပ်ပုံလွှာအတွက် ရည်စူးပြီး အလုပ်လုပ်ပေးကြမှာဖြစ်ပါတယ်။

လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ်များဟာ အတွေ့အကြုံမြင့်မားခြင်း၊  ၎င်းတို့၏လုပ်ငန်းနယ်ပယ်၌ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုခံထားရသူများဖြစ်ခြင်း၊ အကောင်းဆုံးအလေ့အကျင့်များကို လိုက်နာကြပြီး ဘဏ္ဍာရေးနဲ့ငွေရေးကြေးရေးဆိုင်ရာမှာ စီမံခန့်ခွဲရေးအလုပ်များကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြသူများဖြစ် တဲ့အတွက် ပိုမိုကောင်းမွန်သာလွန်အောင် လုပ်ပေးနိုင်ကြသူများဖြစ်ပါတယ်။


၅။ ဘဏ္ဍာရေးလုပ်ငန်းစဉ်များဆိုင်ရာ တာဝန်ခံမှု တာဝန်ယူမှုများ အားကောင်းရေး။


လုပ်ငန်းအရွယ်အစားကြီးထွားလာသည်နှင့်အမျှ ငွေကြေးဆိုင်ရာ ရှုပ်ထွေးမှုများ တိုးလာမှာဖြစ်ပြီး ဥပဒေများအား  လိုက်နာမှု၊ တိကျမှုနှင့် သတင်းအချက်အလက်ဒေတာလုံခြုံရေးကို သေချာစေဖို့ လုပ်ငန်းတွင်းထိန်းချုပ်မှုစနစ်များကို တိုးမြင့်ထိန်းသိမ်းထားရန် လိုအပ်လာမည်ဖြစ်ပါတယ်။


CFO များဟာ သင့်ကုမ္ပဏီ၌ အပြန်အလှန် ထိန်းကျောင်းမှုများ ရှိနေကြောင်းအား သေချာစေပြီး လိမ်လည်မှုများကို ဟန့်တားနိုင်ရန်အတွက် လုပ်ငန်းတွင်းဆောင်ရွက်မှုများကို သီးခြား ကြီးကြပ်ပေးနိုင်မည်ဖြစ်ပါတယ်။


ဘဏ္ဍာရေးလုပ်ငန်းစဉ်များဆိုင်ရာ တာဝန်ခံမှု တာဝန်ယူမှုများ အားမကောင်းပါက  သင့်လုပ်ငန်းကြီးထွားလာသည်နှင့်အမျှ ရင်းနှီးမြုပ်နှံမှုများကို လုံခြုံအောင်ပြုလုပ်ရန် အခက်အခဲ အများကြီးရှိတတ်ပါတယ်။ ဒီအချက်အလက်များဟာ လုပ်ငန်းတစ်ခုနှင့် အခြားလုပ်ငန်းတစ်ခုတို့ ပေါင်းစည်းခြင်းနှင့် ဝယ်ယူမှုများ (M&A) လုပ်ငန်းစဉ်များအတွင်း လုပ်ငန်းမိတ်ဖက်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်များထံ အစီရင်ခံကြရတဲ့အခါမှာလည်း အလွန်အရေးကြီးပါတယ်။


၆။ အန္တရာယ်စီမံခန့်ခွဲမှုအရာ၌ အားကောင်းသာလွန်ရေး။


လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) များဟာ ကြီးမားတဲ့ ပြစ်ဒဏ်များ ကျခံရနိုင်သည့် အခွန်ဆိုင်ရာမလိုက်နာမှု၊ ကုမ္ပဏီ၏ ရှင်သန်မှုကို ခြိမ်းခြောက်နိုင်သည့် အကြွေးအန္တရာယ်များ၊ ငွေသားစီးဆင်းမှုကို အန္တရာယ်ဖြစ်စေသည့် ငွေဖြစ်လွယ်မှုအန္တရာယ်များ နှင့် အခြားအရာများကဲ့သို့သော စွန့်စားရမှုများကို ဖော်ထုတ်နိုင်ပြီး ရှောင်ရှားနိုင်မည့် (သို့မဟုတ်) လျှော့ချနိုင်မည့် အကူညီအထောက်အပံ့များကို ပေးနိုင်ပါတယ်။


CFO များဟာ ငွေသားစီးဆင်းမှုအား ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ဆောင်ပေးပြီး သင့်လုပ်ငန်းရဲ့ အသုံးစရိတ်များကို စီမံခန့်ခွဲရာတွင် ကူညီနိုင်ပြီး လုပ်ငန်း၏စွမ်းဆောင်ရည်များအား တိုင်းတာနိုင်မည့် ယန္တရားများအား ချမှတ်ပေးခြင်းဖြင့် သင့်လုပ်ငန်းရဲ့အန္တရာယ်များကို မည်ကဲ့သို့ လျှော့ချရမည်ကို သင့်အား လမ်းညွှန်ချက်ကောင်းများ ပေးနိုင်မည်ဖြစ်ပါတယ်။


၇။ ပထမတန်းစားဝန်ဆောင်မှုများအား ရယူနိုင်ရေး။


လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) များဟာ သင့်ကုမ္ပဏီရဲ့အောင်မြင်မှုများအတွက် ရည်စူးပြီး သမားရိုးကျအလုပ်လုပ်နေကျ(၉) နာရီမှ (၅) နာရီအထိ အလုပ်လုပ်ကြရတဲ့ အလေ့အထအားကျော်လွန်ပြီး အကျိုးပြုနိုင်မည်ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အလုပ်ခန့်ထားမှုလုပ်ငန်းစဉ်များကို ဖြတ်သန်းရန် (သို့မဟုတ်) ကြီးမားသောလစာပေးဆောင်ရန် ဝန်လေးစရာမလိုအပ်တော့ပေ။ နက်ရှိုင်းသော လုပ်ငန်းခွင်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိတဲ့ CFO များအားဆက်သွယ်ချိတ်ဆတ်ပြီး ချက်ချင်းစတင်လုပ်ကိုင်နိုင်ပါတယ်။


အခုလောက်ဆိုရင်တော့ ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် (CFO) တစ်ဦးရဲ့ အခန်းကဏ္ဍ နှင့် တာဝန်ဝတ္တရားများ (CFO Role & Responsibilities) တွေဟာဘာတွေဆိုတာ တီးမိခေါက်မိဖြစ်သွားပြီထင်ပါတယ်။ အရာအားလုံးအဆင်ပြေကြပါစေ။


MaximaxSolution Corporate Advisory အနေဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား ကုန်ကျစရိတ်သက်သာ (Cost Saving) ပြီး တောက်ပတဲ့အကျိုးကျေးဇူးများ (Brilliant Benefits) ကို ဆောင်ကျည်းပေးနိုင်ဖို့  ကျွမ်းကျင်တဲ့ Team Members များနဲ့  လုပ်ငန်းပြင်ပ ဘဏ္ဍာရေးအရာရှိချုပ် ဝန်ဆောင်မှု (Outsourced CFO Service) အား စတင်လိုက်ပြီဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များအား www.maximaxsolution.com မှာ လေ့လာနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။


..............................................................................................................................................................


U Than Aung - CEO

MaximaxSolution 


ဦးသန်းအောင်ဟာ Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (25) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, Accounting Services, M&A Advisory Services, CFO Services, Internal Audit Services, Tax Advisory Services များကို ဝန်ဆောင်မှုပေးနေသော MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage, Hidro Power, Solar Industry အစရှိသော ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$150 million ကျော်ရှိသော Investment Deal လေးခုတွင် ပါဝင်ခဲ့ပါတယ်။



ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်များ၊ Working Executives များအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ သူသည် UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

112 views0 comments

Recent Posts

See All
bottom of page