top of page

AML နှင့် FATF

Updated: Jan 13, 2020

ကျွန်တော် Applied လုပ်ခဲ့ဖူးသော Anti-Money Laundering (“AML”) and Financial Action Task Force (“FATF”) Compliance…

********************************************

...London Stock Exchange (LSX) မှာ Listed လုပ်ထားပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံမှုများလုပ်နေတဲ့ Private Equity Firm တစ်ခုမှာ Senior Investment Analyst အဖြစ် ကျွန်တော် အလုပ်လုပ်ခဲ့တုံးက တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တစ်ချို့အား မျှဝေလိုခြင်းသာ….

...Investment Deal တစ်ခု တွေ့ ပြီဆိုရင် ကျွန်တော်တို့ဟာ လုပ်သင့်တဲ့ Investment Opportunity ဟုတ်မဟုတ် ကို အကဲဖြတ်သုံးသပ်ခြင်း (Evaluating) လုပ်ရတယ်… ဒီအပိုင်းကတော့ ကုမ္ပဏီ (Company)၊ ဈေးကွက် (Market)၊ လုပ်ငန်းနယ်ပယ် (Industry)၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ (Management)၊ ရင်းနှီးမြုပ်နှံမှုမှ ရနိုင်မယ် အသီးအပွင့် (Investor Return)၊ လုပ်ငန်းတန်ဖိုးဖြတ်ခြင်း (Business Valuation) အစရှိသဖြင့် Analysis လုပ်ရတာအများကြီးဆိုတော့ သီးခြား ရေးမှ အဆင်ပြေမယ်…

အခုကတော့ AML နှင့် FATF နဲ့ ပတ်သက်လို့ အောက်မှာ ပါတဲ့ အကြောင်း အရာ အကုန်လုံး ကို စစ်ဆေးထားသော ကျင့်ဝတ်သိက္ခာ အားစစ်ဆေးခြင်း (Integrity Check (IC)) ကိုပြုလုပ်ခဲ့ကြောင်းအပါအဝင် မှန်ကန်မှုကို စစ်ဆေးပြီးကြောင်း အစီအရင်ခံစာ (Diligence Report) တစ်ခုအကြာင်းကို မျှဝယ်ချင်တာပါ…

1. အဖွဲ့အစည်းရဲ့ ကိုယ်ပိုင်လက္ခဏာပုံရိပ် (Corporate Identity)

• ကုမ္ပဏီရဲ့ နာမည် (Company Name)

• တရားဝင် ဖွဲ့စည်းထားတဲ့ စာရွက် စာတမ်းများ (Legal Forms)

• Proof of Existence (သတ်ဆိုင်ရာ ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းဟာ တကယ်ရှိရဲ့လားပေါ့)

(သက်ဆိုင်သောအချက်အလက်များအတွက် အထောက်အထား အကုန်လုံးကို ယူပြီး စစ်ရတယ် - မိတ္တူတွေကို တောင်းရတယ်)

2. ကုမ္ပဏီရဲ့ အဓိကကျတဲ့ စာရွက်စာတမ်း အထောက်အထား (Company Mother Document)

• ကုမ္ပဏီရဲ့ အသင်းအဖွဲ့ မှတ်တမ်း နဲ့ အသင်းအဖွဲ့စည်းမျဉ်း (MOU & MOA) တွေကို စစ်ရတယ် - မတ္တူတွေကို တောင်းရတယ်)

3. ပိုင်ရှင်တွေကို စုံစမ်းထောက်လှမ်းခြင်း (Shareholder Intelligent)

• ကုမ္ပဏီ မှာ 20% ကနေ အထက် အစုရှယ်ယာ (Share) ပိုင်တဲ့လူတွေနဲ့ အဓိက အုပ်ချုပ်နေတဲ့ အခရာကျတဲ့ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (Key Management) တွေရဲ့ ကျင့်ဝတ်သိက္ခာ (Integrity) ကိုစစ်ရတယ်…သူတို့တွေဟာ အမေရိကန် အစိုးရရဲ့ Office of Foreign Assets Control ("OFAC") of the US Department of the Treasury administers က ကန့်သတ်ထားတဲ့ အပြစ်ဒဏ် (Sanction) တွေနဲ့ငြှိနေသူ (Special Designated Nationals, SDN) အနေဖြင့် တစ်ဦးဦးပါနေမလား ပေါ့။ ဒါ့အပြင် With sanction list of UK, BVI, and Singapore စသဖြင့် စစ်ရတယ်…

• ပိုင်ရှင်တွေ (Shareholder) နှင့် အခရာကျတဲ့ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (Key Management) တွေဟာ ဘယ်သူတွေလဲ၊ သူတို့ရဲ့ မိဘ ညီအစ်ကို မောင်နှမတွေ သားသမီး စသည်ဖြင့် သမိုင်းကြောင်း ရှင်းမရှင်း (Background Check) လုပ်ရတယ်…

• ပိုင်ရှင်တွေ (Shareholder) နှင့် အခရာကျတဲ့ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (Key Management) တွေဟာ ဘယ်အစိုးရ လူကြီးတွေနဲ့ ပတ်သတ်နေသလဲ အခုရော အယင်ကရော့ တိုင်းပြည်ကို အုပ်ချုပ်နေသူ တစ်ဦးဦးနဲ့ ပတ်သက် ဆက်နွယ်နေသလား၊ (သို့မဟုတ်) သူတို့ကိုယ်တိုင်ရော့ နိုင်ငံရေးနဲ့ဆတ်နွယ် ပတ်သက်နေတဲ့သူ (Politically Exposed Persons) တွေ ဖြစ်နေမလား စစ်ရတယ်…

• ပိုင်ရှင်တွေ (Shareholder) နှင့် အခရာကျတဲ့ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (Key Management) တွေဟာ ပြည်တွင်းမှာ (သို့) နိုင်ငံတကာမှာ စီးပွါးရေး လုပ်ဆောင်ချက်များအတွက် စစ်ဆေးခံရခြင်း (Investigation in relation to Economic Crime) မျိုးရှိခဲ့ဖူးသလား စစ်ရတယ်…

4. လုပ်ငန်းကို ပိုင်ဆိုင်မှုနဲ့သက်ဆိုင်တဲ့ အကျိုးခံစားခွင့် ရှိသူတွေကို စစ်ဆေးခြင်း (Beneficial Ownership Check)

• ကုမ္ပဏီ မှာ ပိုင်ဆိုင်မှုအနေနဲ့ 20% ကနေ အထက် အစုရှယ်ယာ (Share) ပိုင်တဲ့လူတွေဟာ တကယ့် သူတို့ပိုင်တာလား သူများတွေအတွက် နာမည်ခံဖြစ်နေသလား စစ်ရတယ်…

5. ရင်းနှီးမြုပ်နှံမှုအတွက် ဝင်ငွေရလမ်းများ (Sources of Invested Fund)

• သူတို့ ရင်းနှီးမြုတ်နှံထားတဲ့ ငွေကြေးတွေကိုရယူနိုင်ခဲ့တဲ့ အရင်းအမြစ်ကို စစ်ရတယ်…

6. လုပ်ငန်း ရဲ့ လုပ်ငန်းဆောင်တာတွေကို စစ်ဆေးခြင်း (Business Transaction Check)

• လည်ပတ်နေတဲ့ လုပ်ငန်း (Business) ဟာ ဘဏ်တွေကို မသုံးဘဲ အပြင်မှာ ကြီးမားလွန်းသော ငွေကြေး (High volumes of cash or near cash transactions) ပမာဏများကို အသုံးပြုနေသလား စစ်ရတယ်…

• ကုမ္ပဏီ (Company) ရဲ့ လုပ်ငန်းဆောင်တာ (Transaction) တွေဟာ ငွေကြေးခဝါချမှု လုပ်ဆောင်ချက် (Money Laundering Activity) တွေများနဲ့ ဆတ်စပ်နေနိုင်မလား စစ်ရတယ်…

#အထက်ကဖေါ်ပြခဲ့တဲ့ ကုမ္ပဏီမှာ အလုပ်မဝင်ခင် အမေရိကန် အခြေစိုက် နိုင်ငံတကာ ကုမ္ပဏီကြီး (American MNC) တစ်ခု မြန်မာနိုင်ငံ ကို 2013 မှာ ဝင်ဖို့အတွက် ပြည်တွင်း လုပ်ငန်းတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းကို ဝယ်ယူဖို့လုပ်ချိန်မှာ သက်ဆိုင်ရာ ပြည်တွင်းကုမ္ပဏီ အဖွဲ့အစည်းကို စုံစမ်းထောက်လှမ်းခြင်း ဝန်ဆောင်မှု (Corporate Intelligent Service) အပ်တာကို လုပ်ပေးခဲ့တုန်းက ပိုင်ရှင် (Shareholder) တွေကို Due Diligence လုပ်ပေးရတဲ့ အစိတ်အပိုင်းလေးတစ်ခုကိုတောင် (၄-၅) လ လောက်ကြာအောင် လုပ်ပေးခဲ့ရတယ်။ မြန်မာနိုင်ငံ နှင့် Singapore မှာ သူတို့ နာမည်နဲ့ လုပ်ငန်း မှတ်ပုံတင် (Register) လုပ်ထားတဲ့ ကုမ္ပဏီ အကုန်လုံးနဲ့ ဆွေတွေမျိုးတွေ အကုန်လုံးကို စစ်ဆေးပြီး သက်သေပြခြင်း (Proof) ကိုလုပ်ပြရင်း အစီအရင်ခံလွှာ (Report) ကိုလုပ်ခဲ့ရဖူးတယ်…။

...ကျွန်တော်တို့ အသုံးပြုခဲ့တာတော့ ကျွန်တော်တို့ လုပ်ငန်းခွင်သုံးစံသက်မှတ်ချက် (Standard Operation Procedures) ‌ေတွပေါ့ ကျန်တဲ့လူတွေကတော့ သူ့ လုပ်ငန်းကိစ္စ (Case) နဲ့သူ ပိုစစ် စရာတွေရှိအုံ့မှာပါ…

...Businessmen များအနေဖြင့် Joint Venture (သို့မဟုတ်) အရင်းအနှီးတိုးမြင့်ရှာဖွေခြင်း (Capital Raising) လုပ်လိုလျှင် AML တို့ FATF တို့နှင့်ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားသင့်သလဲ နှင့် B.Com, ACCA, CPA အစရှိသော Qualification များကို လေ့လာနေသူများအနေဖြင့် အနာဂါတ် လုပ်ငန်းခွင်မှာ အသုံးချဖို့ မှတ်သားစရာ တစ်ခုခုတော့ ရကြမှာပါ…

လေးစားစွာဖြင့်

www.maximaxsolution.com

 


Than Aung - CEO

MaximaxSolution


ဦးသန်းအောင်သည် Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (20) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, Accounting Services, M&A Advisory Services, CFO Services များကို ဝန်ဆောင်မှုပေးနေသော MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage အစရှိသော ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$100 million ကျော်ရှိသော Investment Deal သုံးခုတွင် ပါဝင်ခဲ့ပါတယ်။

ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်များ၊ Working Executives များအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ သူသည် UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

144 views0 comments

Recent Posts

See All
bottom of page