top of page

Financial Feasibility Study

Updated: Feb 15, 2023

ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား လေ့လာမှု (Financial Feasibility Study) ကို ဆန်းစစ်နည်းအား ဘယ်လို ပြင်ဆင်ရမလဲ...

ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ဤဆောင်းပါးကိုဖတ်ပြီးနောက်၊ သင်၏ နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာဖြစ်နိုင်ခြေလေ့လာမှုကို ပြင်ဆင်သည့်အခါတွင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ သင်သိလိုသည့် အရာအားလုံးကို သိနိုင်စေရန်ဖြစ်ပါတယ်။


#ဘဏ္ဍာရေးဆိုင်ရာအကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအားလေ့လာမှုဆိုတာ


ဘဏ္ဍာရေးဆိုင်ရာအကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအားလေ့လာမှု (Financial Feasibility Study)ဆိုတာဟာ ရင်းနှီးမြှုပ်နှံမှုပရောဂျက်အသစ်တစ်ခု၏ ဘဏ္ဍာရေးဆိုင်ရာ အလားအလာကို အကဲဖြတ်ရန် ပြုလုပ်သော လေ့လာမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အဆိုပါ အကဲဖြတ်မှုကိုပြုလုပ်ဖို့ရာ ကျွန်ုပ်တို့အနေနဲ့သေချာကောင်းမွန်စွာ သုတေသနပြုထားတဲ့ ယူဆချက်များအပေါ် အခြေခံပြီး ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ (Financial Projection) ကို ရေးဆွဲရမှာဖြစ်ပါတယ်။ အဲလိုတွက်ချက်ပြီးတဲ့နောက်မှာတော့ အဆိုပါ ဘဏ္ဍာရေးခန့်မှန်းချက်များအား အသုံပြုပြီး အသစ်ပြုလုပ်ရန်ရှိတဲ့ ရင်နှီမြုပ်နှံမှု ပရောဂျက် (A New Investment Project) တစ်ခုဟာ ဘဏ်များ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူများကဲ့သို့အရင်းအနှီးပံ့ပိုးပေးသူများ၏အဓိကလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက်လုံလောက်သောအကျိုးအမြတ် (Return) များ ကို ရှာဖွယ်ပေးနိုင်မည်ဆိုသည်ကိုဆုံးဖြတ်ရန်အတွက် အသုံးပြုကြရတဲ့ လေ့လာမှုမျိူးဖြစ်ပါတယ်။


ဒီထက်နားလည်အောင် အဓိပ္ပါယ်ဖွင့်ဆိုရရင် “ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေလေ့လာမှု ဆိုတာဟာ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအတွက် ရင်းနှီးမြှုပ်နှံမှုပရောဂျက်အသစ်တစ်ခု၏ အကျိုးရလဒ်များ (Merits)၊ စွန့်စားမှုများ (Risks) နှင့် ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုများကို အကဲဖြတ်ပြီး အကောင်အထည်ဖော်မည့် လုပ်ငနးအစီအစဉ် (Business Plan) ၏ ဘဏ္ဍာရေးဆိုင်ရာ အသီးအပွင့်များအား အလားအလာကို အကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။


#သူ့ကိုလုပ်ကြည့်ခြင်းအားဖြင့်ဘာတွေကိုသိရမှာလဲ


ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား လေ့လာမှုတစ်ခုဟာ ရင်နှီမြုပ်နှံမှု ပရောဂျက် အသစ်တစ်ခုကို ပြုလုပ်ဖို့ရာ စုစုပေါင်းလိုအပ်မည့်ရင်းနှီးမြှုပ်နှံမှုပမာဏများကို သိရှိနိုင်မှာဖြစ်ပြီး အဆိုပါ ရင်းနှီမြုပ်နှံလိုက်သော ငွေမှ ရရှိလာမည့် ၀င်ငွေ၊ အမြတ်များ နဲ့ ငွေသားစီးဆင်းမှုနှင့် ပတ်သက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်ခန့်မှန်းချက်များကို ပိုင်းခြားစိတ်ဖြာကြည့်နိုင်မှာဖြစ်ပါတယ်။ ပရောဂျက်တစ်ခု၏ ဘဏ္ဍာရေးအရ အကျိုးအမြတ်ရနိုင်ကြောင်းဆွဲဆောင်မှု (Financial Viability) နဲ့ ဘဏ္ဍာရေးဆိုင်ရာစွန့်စားရမှု (Financial Risks) များကို အကဲဖြတ်ပြီးနောက်မှာတော့ ဘဏ္ဍာရေးဆိုင်ရာ ရှင်သန်နိုင်စွမ်းရှိမရှိကို ဆုံးဖြတ်ပေးမှာပါ။ ဒါကြောင်း ပရောဂျက်တစ်ခုဟာ ၎င်း၏ကုန်ကျစရိတ်များကို ကာမိစေရန်သာမက သင့်တင့်လျောက်ပတ်သော အကျိုးအမြတ်ကို ပြန်ရှာပေးရန် လိုအပ်ပြီး သို့မှသာ ရင်းနှီးမြှုပ်နှံသူများ (သို့မဟုတ်) ဘဏ်များမှ ရင်းနှီးမြှပ်နှံရန်အတွက် ချေးငွေများထုတ်ချေးပေးရန် ဆွဲဆောင်မှုရှိလာဖြစ်ပါတယ်။


ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား လေ့လာမှုကို ပုံစံအမျိုးမျိုးဖြင့် လုပ်လေ့ရှိကြပါတယ်။ အစီရင်ခံစာ ပြုစုပြီးရှင်းပြတာမျိုး၊ Power Point များနဲ့ ရှင်းပြမှုမျိူး (သို့မဟုတ်) စာရင်းဇယားပုံစံစုံနဲ့ တွက်ချက်ထားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ကိစ္စအများစုအတွက် ဘယ်လိုတွက်ချက်တားသလဲဆိုတဲ့အပေါ် ပွင့်လင်းမြင်သာမှုရှိအောင်ရယ် ခွဲခြမ်းစိတ်ဖြာကြည့်မှုများအတွက် လွယ်ကူအောင် ပြုလုပ်ထားသော အသေးစိတ်တွက်ချက်မှုများကို နားလည်နိုင်စေမည့် စာရင်းဇယားပုံစံများဖြင့် ပြင်ဆင်ထားခြင်းများကို ပိုသုံးလေ့ရှိကြပါတယ်။ ဥပမာ Spreadsheet လို့ခေါ်တဲ့ Excel Formula တွေနဲ့တွက်ထားတာမျိုးကို ဆိုလိုတာပါ။


#ကျွန်ုပ်တို့အနေနဲ့ဘာကြောင့်ဘဏ္ဍာရေးဆိုင်ရာအကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအားခွဲခြမ်းစိတ်ဖြာကြည့်ရန်လိုအပ်ပါသလဲ


ဒီတော့ ကျွန်တော်တို့ ရင်းနှီူမြုပ်နှံမှုတစ်ခုကိုပြုလုပ်တဲ့အခါမှာ ဘာကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေကို လေ့လာဖို့ လိုအပ်တာလဲ။ အထူးသဖြင့် ကျွန်ုပ်တို့အနေနဲ့ ကိုလုပ်မယ့်အလုပ်ရဲ့ စျေးကွက်ကို ကောင်းစွာနားတယ်ဆိုရင်ရော ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်နိုင်ခြေအား လေ့လာမှု (Financial Feasibility Study) ကို မလုပ်ပဲ ရင်နှီးမြုပ်နှံမှုတစ်ခုကို စတင်လိုက်ရင် ရနိုင်သလား။


ရင်းနှီးမြှုပ်နှံမှု ပရောဂျက်အသစ်များစွာဟာ သိသာတဲ့ အရင်းအနှီးပမာဏတစ်ခုကို ချက်ချင်းလက်ငင်း ထည့်ဝင်ဖို့လိုအပ်ရာ ပရောဂျက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံရန် တောင်းဆိုတင်ပြလာတဲ့ခါမှာ အရင်းအနှီးထည့်ဝင်လိုသူတိုင်းဟာ ၎င်းတို့၏ငွေကို အစုရှယ်ယာအနေဖြင့် တည့်ဝင်သည်ဖြစ်စေ (သို့မဟုတ်) ဘဏ်တစ်ခုခုကနေ ငွေချေးထုတ်ပေးသည်ဖြစ်စေ အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အလုပ်မဖြစ်နိုင်ခြင်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူများ (သို့မဟုတ်) ချေးငွေထုတ်ပေးသော ဘဏ်၏ ငွေများပင်ငွေရင်းများ ဆုံးရှုံးခြင်း ဖြစ်မည်ကို စိုးရိမ်မိမှာ သဘာဝမို့ အခု ပရောဂျက်အသစ်ရင်းနှီးမြုပ်နှံပါက လုံလောက်သောအကျိုးအမြတ် (Return) များကို ရရှိမှာသေချာကြောင်း သေချာခန့်မှန်းတွက်ချက်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ (Financial Projection) များကို သေချာရှင်းပြနိုင်မှသာ ဆိုခဲ့ပါစိုးရိမ်မှုများကို လျှော့ချနိုင်ပြီး ရင်းနှီးငွေထည့်ဝင်ဖို (သို့မဟုတ်) ချေးငွေထုတ်ပေးဖို့ကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။


ဒါကြောင့်မို့လို့ ငွေကြေးတစ်စုံတစ်ရာမသုံးစွဲမီ အဆိုပါပရောဂျက်ဟာ ရင်းနှီူမြုပ်နှံရန် ဘဏ္ဍာရေးအရ အဓိပ္ပာယ်ရှိမရှိ (သို့မဟုတ်) သက်ဆိုင်ရာပရောဂျက်ဟာ ဘဏ္ဍာရေးအရ အမြတ်အစွန်းရရန် အလားအလာရှိမရှိကို သေချာစွာ ရှာဖွေခွဲခြမ်းစိတ်ဖြာပြီး ရင်းနှီးမြုပ်နှံမည့်သူတွေကို ရှင်းပြဖို့ရန်လိုအပ်ပါတယ်။ သက်ဆိုင်ရာပရောဂျက်တစ်ခုမှာ ရင်းနှီးမြုပ်နှံလိုက်သည့်အတွက် ကြုံတွေ့လာနိုင်တဲ့အန္တရာယ်များ (သို့မဟုတ်) စွန့်စားရမှုများအတွက် အရင်းအနှီးထည့်ဝင်သူများအနေဖြင့် ပြန်လည်လာရှိလာမည့် အကျိုးအမြတ်များဟာ လုံလောက်မှုရှိမရှိ စိတ်ကျေနပ်နိုင်လောက်သော ပြန်ရမှုမျိုးကို ဖန်တီးပေးနိုင်ခြင်းရှိမရှိအား အကဲဖြတ်ရန် ပြဖို့ လိုအပ်ခြင်းမျိုးပဲဖြစ်ပါတယ်။


လေ့လာမှုထဲမှာ အကြောင်းအရာမျိုးစုံပါဝင်နိုင်ပါတယ်။ ဥပမာ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ကနဦးအစကုန်ကျစရိတ်၊ လုပ်ငန်းလည်ပတ်ဖို့အသားတင်အရင်းအနှီးလိုအပ်ချက်၊ ခန့်မှန်းထားသော ထုတ်လုပ်မှုနှင့် ရောင်းအားပမာဏ၊ မျှော်မှန်းထားသောရောင်းချမည့်စျေးနှုန်းများ၊ ရရှိလာမည့်ဝင်ငွေများနှင့် ပြောင်းလဲနိုင်သော ပုံသေကုန်ကျစရိတ်များကို အကဲဖြတ်ခြင်း၊ ခန့်မှန်းခြေအနာဂတ်အမြတ်ငွေများနှင့် နှစ်စဉ် လွတ်လပ်စွာစီးဆင်းမယ့် ငွေသားပမာဏ စသည်တို့ကို ခန့်မှန်းတွက်ချက်ထားမှုများ ပါဝင်ရန် လိုအပ်ပါတယ်။ ဒါအပြင် ရွေးချယ်ထားသော ဝင်ငွေရလမ်းများ၊ အရင်းကြေမည့်ကာလ၊ ရင်းနှီးမြုပ်နှံမှုမှ ပြန်ရနိုင်မည့် နုန်ထား စသည်တိုကို တွက်ချက်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာမက်ထရစ်များကို သေရှာထွက်ချက်ထားတာမျိုး ဖြစ်ဖို့လိုအပ်ပါတယ်။


ဒါ့အပြင် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား ခွဲခြမ်းစိတ်ဖြာခြင်းဟာ အဆိုပြုထားတဲ့ ပရောဂျက်သည် ရေရှည်တည်တံ့သော လုပ်ငန်းပုံစံတစ်ခုသို့ ဦးတည်သွားခြင်း ရှိ၊ မရှိကို ခိုင်မာစွာ စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။ မဝေးတော့သောအနာဂတ်မှာ ရင်းနှီးငွေဆုံးရှုံးခြင်း (သို့မဟုတ်) ခေတ်မမှီတော့မယ့် လုပ်ငန်းမျိုး ဖြစ်သွားနိုင်ခြေရှိမရှိကို ကြိုတင်စဉ်းစား တွက်ဆထားတာမျိုးမို့လို့ အလွန်အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်နိုင်ခြေအား ခွဲခြမ်းစိတ်ဖြာခြင်းဟာ ဘဏ်များ (သို့မဟုတ်) အခြားသောချေးငွေဆိုင်ရာ အဖွဲ့အစည်းများထံမှ ချေးငွေများရရှိနိုင်ခြေကိုလည်း အကဲဖြတ်ပေးမှာဖြစ်ပါတယ်။ ဤအချက်များအားလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သက်ဆိုင်ရာပရောဂျက်ဟာ ငွေကြေးအရ လုပ်သင့်သည် (သို့မဟုတ်) မလုပ်ဆောင်သင့်သည်ကို အဆုံးအဖြတ်ပေးမည်ဖြစ်ပါတယ်။


ပြန်ရနိုင်ခြေရှိသော အလားအလာကောင်းများအပြင်၊ ကျွန်ုပ်တို့ ထည့်ဝင်လိုက်သော ရင်းနှီးငွေနှင့်သက်ဆိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘေးအန္တရာယ်များကို နားလည်ရန်နှင့် ထိုကဲ့သို့သောအန္တရာယ်များအတွက် ပြန်ရရန် မရှိကို ပရောဂျက်မှ ကမ်းလှမ်းထားသော ဖြစ်ထွန်းလာမည့် အသီးအပွင့်များကို အကဲဖြတ်ဆုံးဖြတ်ဖို့အတွက်လည်း လိုအပ်ပါတယ်။


အောက်ပါအခြေအနေများမှာ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား လေ့လာခြင်းဟာ အခြေခံအုတ်မြစ်ကို ပြင်ဆင်ရာခြင်းနေနဲ့ လုပ်ကိုလုပ်သင့်ပါတယ်။

  • ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းသစ်တစ်ခုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ (Financial Projection) အကဲဖြတ်ခြင်း။

  • အမြတ်အစွန်းနှင့်ဘဏ္ဍာရေးအရ အကျိုးအမြတ်ရနိုင်ခြေ အလားအလာအား အကဲဖြတ်ခြင်း။

  • စိတ်ပိုင်းဆိုင်ရာခံစားချက်ဖြင့် ရင်းနှီးမြုပ်နှံမှုအားဆုံးဖြတ်မည့်အစား ကျိုးကြောင်းဆီလျော်မှုအပေါ် အခြေခံပြီးဆုံးဖြတ်ရန်လိုအပ်ခြင်း။

  • ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းသစ်တစ်ခု အမိအရဆုပ်ကိုင်ရန် (သို့မဟုတ်) ငြင်းပယ်ရန်အကြံပြုခြင်း။

  • ဘဏ္ဍာရေးဆိုင်ရာစွန့်စားရမှု (သို့မဟုတ်) အန္တရာယ်များ (Financial Risks) အား လျော့ပါးရေး ဗျူဟာများကို ရှာဖွေခြင်း။

  • ဘုတ်အဖွဲ့ဝင်များ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များမှသဘောတူအတည်ပြုချက်ရယူခြင်း။

  • အရင်းအနှီးရှာဖွေခြင်းရန်အတွက်အခြေခံတစ်ခုပြင်ဆင်ချက်တစ်ခုအဖြစ်ဆောင်ရွက်ခြင်း။

ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား လေ့လာခြင်းတစ်ခုအတွက် အာရုံစိုက်မှုဟာ လက်တွေမရှိသေားသော အသစ်ဖြစ်လာမည့် ပရောဂျက်တစ်ခုအတွက်ဘဏ္ဍာရေးအလားအလာများကိုလေ့လာခြင်းဖြစ်ရာ လိုအပ်မည့် ယူဆချက်အားလုံးသည် လက်တွေ့မရရှိနိုင်သေးဘဲ ၎င်းတို့အတွင်းတွင် ရှိနေနိုင်သည့်အရာအားလုံးကို သေချာစွာ လေ့လာရန် ဦးစွာ လုပ်ဆောင်ရမှာပါ။


ထိုသို့သောလေ့လာမှုကို လုပ်ဆောင်ခြင်းဟာ ပရောဂျက်အသစ်တစ်ခု စတင်ခြင်း၏ ဘဏ္ဍာရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများကိုခိုင်မာစွာနားလည်သဘောပေါက်စေမည်ဖြစ်ပြီး ၎င်းတွင် ပါ၀င်သည့် ဘဏ္ဍာရေးဆိုင်ရာစွန့်စားရမှု (သို့မဟုတ်) အန္တရာယ်များ (Financial Risks) အား ပိုမိုခိုင်မာစွာ နားလည်သဘောပေါက်လာစေပြီး အဆိုပါ အန္တရာယ်လျော့ပါးရေးဗျူဟာများကိုလည်း ဖော်ထုတ်နိုင်စေမည်ဖြစ်ပါတယ်။


#ဘဏ္ဍာရေးဆိုင်ရာအကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအားလေ့လာမှုကိုဘယ်အချိန်မှာလုပ်ကြမလဲ (Financial Feasibility Study)


ကျွန်ုပ်တို့အနေဖြင့်မည်သည့်အချိန်မှာ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေ လေ့လာမှု အား လုပ်ရန်ဆောင်ရန် အတိအကျ လိုအပ်သနည်း။ အထက်မှာဖော်ပြထားခဲ့တဲ့ အတိုင်း အရင်းအနှီးများစွာလိုအပ်သည့်အခါတိုင်း၊အကောင်းဆုံးစီမံခန့်ခွဲမှု အလေ့အကျင့်များအောက်မှာခိုင်လုံသောမှန်ကန်တဲ့ အဆုံးအဖြတ်များကို ချပေးရမည့် အချိန်ဆိုရင် လုံလောက်မည်ထင်ပါတယ်။ မကြာခဏဆိုသလို၊ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်ချရန်အတွက် အခြေခံအဖြစ် အရင်းအနှီးပံ့ပိုးပေးသူများ (ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ဘဏ်များ) မှ စေ့စေ့စပ်စပ် စီးပွါးရေးအရတွက်ခြေကိုက်နိုင်ခြေ လေ့လာမှုကို လိုအပ်ပါတယ်။ ထိုသို့သောအခြေအနေမျိုးမှာ ပြုလုပ်ထားသော လေ့လာမှု၏အရည်အသွေးဟာ သက်ဆိုင်ရာ ပရောဂျက်တစ်ခု၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည်ဖြစ်ပါတယ်။ စီးပွါးရေးအရတွက်ခြေကိုက်နိုင်ခြေ လေ့လာမှုကို စေ့စေ့စပ်စပ် ပြင်ဆင်ထားခြင်းဟာ ရင်းနှီးမြုပ်နှံသူများအကြား ယုံကြည်မှုတိုးမြင့်လာစေမည့် အပြင် ကျရောက်လာနိုင်တဲ့ အန္တရာယ်များ လျော့ပါးသက်သာစေရန် ကြိုတင်ပြင်ဆင်မှုများ နံ့ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ကို သရုပ်ပြပေးမှာပါ။


ဒါကြောင်း ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား လေ့လာမှုကို ပြင်ဆင်ရန်လိုအပ်တဲ့ ပုံမှန်အချိန်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။


  • ပရောဂျက်တစ်ခုသည် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေ ဆီသို့ ဦးတည်လာမည်လား မသေချာသောအခါမျိုးမှာ မဖြစ်သေးသည့်အရာများအတွက် နှံ့နှံ့စပ်စပ် ဘဏ္ဍာရေးဆိုင်ရာ ပိုင်းခြားစိတ်ဖြာမှု လိုအပ်မည်ဖြစ်ပါတယ်။

  • ကြီးမားသော ရင်းနှီးမြုပ်နှံမှုပမာဏ လိုအပ်သောအခါမျိုးမှာ ကုမ္ပဏီ (သို့မဟုတ်) ရင်းနှီးမြုပ်နှံသူတစ်ဦးအား ကြီးမားသောဘဏ္ဍာရေးဆိုင်ရာ စွန့်စားခန်း (သို့မဟုတ်) ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနိုင်ခြေကိုပင် ဖြစ်စေနိုင်သည့် အခါမျိုး။

  • ရှုပ်ထွေးသော ပရောဂျက်များကို အကြံပြုသည့်အခါမျိုးမှာ နားလည်ရန်ခက်ခဲသော ငွေကြေးဂယက်ရိုက်ခတ်မှုများ ရှိနိုင်သည့် အခါမျိုး။

  • ငွေကြေးအန္တရာယ်များအား လျော့ပါးသက်သာစေဖို့ရန် နည်းလမ်းများကို ရှာဖွေသည့်အခါ၊ ပရောဂျက်တစ်ခုအား အသေးစိတ်လေ့လာခြင်းဟာ သက်ဆိုင်အန္တရာယ်များအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်စေပြီး ၎င်းတို့ကို လျော့ပါးစေမည့် နည်းလမ်းများကိုပင် ရှာဖွေတွေ့လေ့ရှိနိုင်မယ့်အခြေအနေမျိုး။

  • တစ်စုံတစ်ယောက်ရဲ့ ထင်မြင်ချက်ကို အားမကိုးချင်တဲ့အခါ တခြားသူဆီက ဒုတိယထင်မြင်ချက်အား ရယူချင်တာမျိုး။

  • ဒါရိုက်တာဘုတ်အဖွဲ့ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှု ကော်မတီက ပြုလုပ်သော ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် အခြေခံအဖြစ် အသုံးပြုရမည့် အခါမျိုး။

  • အရင်းအနှီးထည့်ဝင်မည့်သူများမှ ၎င်းတို့၏ ဆုံးဖြတ်ချက်များအား အထောက်အကူပြုစေရန် စေ့စေ့စပ်စပ် ပြင်ဆင်ထားသောအထောက်အထားများအား တောင်းခံလာသောအခါ။

အရင်းအနှီးအမြောက်အများရင်းနှီရမည့် ပရောဂျက်အသစ်တစ်ခုအား မည်ကဲ့သို့ ဘဏ္ဍာငွေရှာရမလဲဟု စဉ်းစားတဲ့ အခါတိုင်း ရင်းနှီးမြုပ်နှံသူများ (သို့မဟုတ်) ဘဏ်များမှ သင့်အား ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေအား လေ့လာမှုအား စေ့စေ့စပ်စပ် ပြင်ဆင်ရန် ထားလိမ့်မည်ဟု မျှော်လင့်လိမ့်မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားပါလို မေတ္တာစကားပါးလိုက်ပါရစေ။


#နောက်လာမည့် ဆောင်းပါး အမည်…

ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ဖြစ်နိုင်ခြေအား လေ့လာမှုာ (Financial Feasibility Study) နှင့် လုပ်ငန်းအစီအစဉ်ဆွဲခြင်း (Business Plan) နှစ်ခု ဘာကွာသလဲ….


---------------------------------------------------------------------------------------------------------------------------

Than Aung - CEO

MaximaxSolution



ဦးသန်းအောင်သည် Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (20) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, M&A, Financial Advisory, Tax Advisory, Accounting Services အစရှိတဲ့ဝန်ဆောင်မှုမျာအား ပေးနေတဲ့ MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage, Hydropower, Solar, Manufacturing, Trading အစရှိတဲ့ ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$200 million ကျော်ရှိတဲ့ Investment Deal လေးခုမှာ ပါဝင်ခဲ့ပါတယ်။


ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ Working Executives များ၊ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်ကြီးများအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

40 views0 comments

Recent Posts

See All
bottom of page